5 w - Translate

❝ ဗုဒ္ဓ၏ စီးပွားရေးဝါဒ ❞
ကမ္ဘာကျော် စီးပွါးရေးပညာရှင်ဖြစ်သူ ရှုးမေကာကို
လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို
ပြန်လည် ထူထောင်ဖို့ အတွက် ၁၉၅၀ ခုနှစ်ဝန်းကျင်
တုန်းက မြန်မာခေါင်းဆောင်တွေက ဖိတ်ခေါ်ခဲ့ပါ
တယ်။ ရှူးမေကာက ‘ပြည်တော်သာ—ဗမာသစ်—
စီးပွားရေးနဲ့ လူမှုရေး ဘုတ်အဖွဲ့’ မှာ ဒါရိုက်တာ/
အကြံပေးတဦးပါ။
မြန်မာပြည် ရောက်တော့ ရှုးမေကာက မြန်မာ လူ့အဖွဲ့
အစည်းနဲ့ ဗုဒ္ဓတရားတော်တွေကို လေ့လာပြီးနောက်
မှာ ‘ဗုဒ္ဓ၏စီးပွားရေးဝါဒ’ ဆိုတဲ့ စာတမ်း တစောင်ကို
ပြုစုခဲ့တယ်တဲ့။အဲဒီ စာတမ်းကို သူ့ရဲ့ နာမည်ကျော်
‘ငယ်သော်လှ၏’ – SMALL IS BEAUTIFUL ဆိုတဲ့
စာအုပ်ထဲမှာ Buddhist Economics ခေါင်းစဉ်နဲ့
အခန်း တခန်း ထည့်သွင်း ဖော်ပြခဲ့တယ်။
အခု စာအုပ်က အဲဒီ အခန်းကို ဘာသာပြန်ပြီး၊
သီးသန့် လုံးချင်းစာအုပ်ငယ်အဖြစ် ထုတ်ဝေတာ
ဖြစ်ပါတယ်။ မြန်မာ ဘာသာပြန်သူက ဆရာကြီး
ဘသန်း(ဓမ္မိက) ဖြစ်ပါတယ်။ အတွေးအမြင်မဂ္ဂဇင်း
ထဲမှာ အခန်းဆက် နှစ်လ ထည့်သွင်း ဖော်ပြခဲ့ဖူးပါ
တယ်။ အဲဒီစာမူကို ဖတ်မိပြီးနောက် ၂၀၁၉ ခုနှစ်မှာ
တိုးမြစ်စာအုပ်တိုက်က လုံးချင်း စာအုပ်လေးအဖြစ်
စီစဉ် ထုတ်ဝေခဲ့တယ်။
အခုချိန်မှာတော့ ဈေးကွက်မှာ ရှာမရအောင် ကုန်ခဲ့
ပြီလေ။ ဖတ်ချင်တဲ့ စာဖတ်ပရိတ်သတ်အချိ့တွေရဲ့
‘ ဒီစာအုပ်ရပါသေးလား’ အမေးစကား ခပ်စိပ်စိပ်
ကြားလာရတဲ့အတွက် ဒုတိယအကြိမ်ပုံနှိပ်မှုအဖြစ်
ပြန်လည် တည်းဖြတ် ပြင်ဆင်ပြီး ဇော်ဂျီဖိုလ်ဝင်
စာအုပ်တိုက်က ထပ်မံ ရိုက်နှိပ် ထုတ်ဝေလိုက်ပါတယ်။
ဘာသာပြန်စာမူအပြင် မူရင်းအင်္ဂလိပ်စာ အရေး
အသားကိုပါ ထည့်သွင်းဖော်ပြထားလို့ မူရင်းနဲ့
ဘာသာပြန်ချက် တိုက်ဆိုင်ပြီး ဖတ်လိုသူတွေ၊
ဘာသာပြန်အရေးအသား လေ့လာလိုသူတွေအဖို့
ရာလည်း အသုံးဝင်မှာပါ။
အဓိက အကျဆုံးကတော့ #ဗုဒ္ဓရဲ့စီးပွါးရေးဝါဒ
ဆိုတာ ဘာလဲ လေ့လာနိုင်ဖို့ပါ။ စာရဲ့ ဆိုလိုရင်း
အနှစ်အသားကို ယူနိုင်ရင် ဖတ်သူမှာ အကျိုး
များစွာ ရပေလိမ့်။ ။

image