နောက်ဆုံးတော့ တဝက်ပြတ်နေတဲ့ မြန်မာစာလုံးတွေမကြည့်ရတော့ဘူး 🫠
.
Mac ကွန်ပျူတာကို သုံးနေတယ်၊ Facebook ကနေ စကားပြောတဲ့အချိန်မှာ Safari လို Website ကနေမဟုတ်ပဲ Messenger App သီးသန့်သုံးတယ်ဆိုရင် အရင်တုန်းက စိတ်ရှုပ်စရာတစ်ခုက မြန်မာစာလုံးတွေကို အပြည့်မမြင်ရတာပါ။
ဒါကလည်း ဘယ်လိုပဲ Zoom ၊ View Scaling ပြောင်းပြောင်း မရတာဆိုတော့ Messenger App ကနေ မြန်မာစာရိုက်ဖို့၊ စာဖတ်ဖို့ တော်တော်လေးခက်ခဲ့တာဆိုရင်လည်း မမှားဘူး။
တခြား Mac သုံးတဲ့သူတွေလည်း ကျွန်တော်တို့လို ဒီ ပြဿနာကြုံနေရတယ်၊ စိတ်ရှုပ်နေရတယ်ဆိုရင် အခုပဲ Messenger App ကို Update လုပ်လိုက်ပါ။ အခု Update Version မှာ Messenger App က မြန်မာစာလုံးတွေကို လုံးဝ မှန်မှန်ကန်ကန်ပြပေးနိုင်ပါပြီ။
ဒီလို မြန်မာစာအမှန်ပြပေးနိုင်တဲ့အပြင် Messenger App Update အသစ်ဟာ ယခင်ထက် သိသိသာသာပို Smooth ဖြစ်လာတယ်၊ Reaction ပေးတာကအစ iMessage ပုံစံ Animation တွေပါ အသစ်ပါလာပြီ။ သုံးရတာ တော်တော်စုတ်တဲ့ App ကနေ တော်တော်လေးကို အဆင်ပြေသွားတာပါ။
ဘာပဲဖြစ်ဖြစ် Mac သုံးပြီး Messenger App သုံးနေရင် Update လိုက်ပါ၊ မသုံးဖြစ်သေးဘူးဆိုရင်လည်း Facebook မှာ စာပို့ချင်တိုင်း Browser ဖွင့်စရာမလိုတော့ Messenger App က ထည့်ထားတာမမှားပါဘူး... 👀