5 ပတ် - ဘာသာပြန်ပါ။

OnePlus က Identity ပျောက်ပြီး အဖေပြန်ခေါ်နေရပြီ 🫥
.
Oneplus ကနေ မကြာခင်မှာ OnePlus 13s ဖုန်းအသစ်ကို မိတ်ဆက်တော့မှာဖြစ်ပြီး ဒီတစ်ခါမှာ OnePlus AI ဆိုပြီး AI ပိုင်းကို သေချာစပြီး မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။
အခုလို OnePlus AI Feature အသစ်တွေထဲမှာ အထူးခြားဆုံးကတော့ ယခင်တုန်းက အမြဲထည့်ပေးနေကြ Signature Feature ဖြစ်တဲ့ Alert Slider နေရာမှာ Plus Key ဆိုတဲ့ Button တစ်ခု အစားထိုး ထည့်သွင်းပေးသွားမှာပဲဖြစ်ပါတယ်။
အစောပိုင်းတုန်းက ဒီ Plus Key ဟာ Apple ရဲ့ Action Button ပုံစံဖြစ်လောက်မယ်ဆိုပြီး သတင်းထွက်နေပေမယ့် အခုကြတော့ Nothing ဖုန်းတွေမှာ နောက်ပိုင်းထည့်သွင်းလာတဲ့ Essential Key ပုံစံနဲ့ ပိုပြီး ဆင်တူမှာဖြစ်ပါတယ်။
ဒါကြောင့် Plus Key ကို နှိပ်လိုက်မယ်ဆိုရင် Screenshot အရင်ရိုက်မှာဖြစ်ပြီး Screen ပေါ်မှာရှိတဲ့ Content တွေကို ဖတ်ပြီး Calendar Schdule ထည့်သွင်းပေးသွားတာမျိုးတွေ၊ AI Search ကို Prompt တွေရိုက်ပြီး ထပ်ရှာဖွေဖို့အသုံးပြုတာတွေ၊ Content တွေကို Mind Space ဆိုတဲ့ နေရာတစ်ခုထဲမှာ သိမ်းဆည်းတာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။​
ဒါက Nothing ဖုန်းတွေမှာ Essential Key ကို နှိပ်ပြီး Essential Space ထဲမှာ သိမ်းဆည်းတာနဲ့ အတူတူပဲလို့တောင် ပြောနိုင်ပြီး အနည်းငယ်လောက်ပဲ​ ကွဲပြားမယ့်ပုံစံပါပဲ။
တခြား OnePlus AI Feature တွေထဲမှာ အခုနောက်ပိုင်း တခြားဖုန်းတွေအတိုင်း AI VoiceScribe | AI Call Assistant | AI Translation | AI Search | AI Reframe | AI Best Face 2.0 လို Feature အသစ်တွေလည်း ထပ်ပါဝင်လာမယ်လို့ သိရပါတယ်။ အဲ့ဒါကိုမှ ထုံးစံအတိုင်း Google Gemini AI တွေ၊ Circle to Search လို Feature တွေလည်း အသုံးပြုနိုင်မှာပါ။
ဘာပဲဖြစ်ဖြစ် OnePlus ကနေ Carl Pei ထွက်သွားပြီး Nothing ဖုန်းတွေထုတ်နေတော့မှ OnePlus က Nothing ဆီက Feature ပြန်ကူးချတာကတော့ မမိုက်နေဘူး 🫠

image