ပထမဆုံး သေချာစမ်းသုံးဖြစ်တဲ့ Nothing ဖုန်း : Nothing Phone (3a)
.
နောက်ဆုံးတော့ Nothing ကထုတ်တဲ့ Phone (3a) ကို လက်ထဲမှာ သေချာ Daily စမ်းသုံးဖြစ်နေပါပြီ။ Review လည်း မကြာခင် သေချာလုပ်ပေးဖို့ရှိပေမယ့် လောလောဆယ် စမ်းသုံးဖြစ်သလောက် Impression က တော်တော်သဘောကျဖို့ကောင်းတဲ့ဖုန်းလို့တောင် ပြောလို့ရတယ်။
ထူးခြားတာက မသုံးခင်မှာ တချို့ Gimmick ဖြစ်မယ်လို့ ထင်တဲ့ Feature တွေက လက်တွေ့မှာ သုံးလို့အဆင်ပြေနေပြီး တချို့ ကောင်းမယ်ထင်ထားတာတွေက စိတ်ထဲ Annoy ဖြစ်ရတာမျိုးတော့ ရှိတယ်။
ဘာပဲဖြစ်ဖြစ် လာမယ့်ရက်ပိုင်းအတွက် Review Video တစ်ခု သေချာလုပ်ပေးသွားမယ်.. ဒီကြားထဲ Nothing Phone (3a) မှာ ဘာတွေ စမ်းစေချင်လဲ၊ သိချင်တာရှိရင်လည်း Comment ပေးခဲ့လို့ရပါတယ်။

