5 ပတ် - ဘာသာပြန်ပါ။

(ဓမ္မဆိုတာ ရတနာအစစ်.. တွေ့ဖို့ ခဲယဉ်းတယ်)
(မြတ်စွာဘုရားက ဓမ္မကိုဟောတယ်ဆိုတာ ဒီ ဓမ္မဆိုတဲ့သဘာ၀တရားတွေဟာမြတ်စွာဘုရားပွင့်လာမှ ရှိလာတာမဟုတ်ဘူး။ ရှေးတုန်းကတည်းက သဘာ၀တရားတွေဟာ ရှိနေတယ်။
(အမြဲတမ်းရှိနေတဲ့ မှန်ကန်တဲ့သဘာ၀တရားတွေ။
ထိုသဘာ၀တရားတွေဟာ ထူးခြားတဲ့အသိဥာဏ်ရှိတဲ့
ဗုဒ္ဓ ဆိုတဲ့ ပုဂ္ဂိုလ်ပေါ်လာမှ ဗုဒ္ဓက ထုတ်ဖော်ရှင်းပြခဲ့တာ။)
(‘ဗုဒ္ဓ’ ဆိုတဲ့ ပုဂ္ဂိုလ်မပေါ်ခဲ့ရင် ‘ဓမ္မ’ ဆိုတဲ့သဘာ၀တရားတွေကိုပြည့်ပြည့်စုံစုံရှင်းပြနိုင်တဲ့သူရှိမှာမဟုတ်ဘူးတဲ့။ဗုဒ္ဓကသာလျှင် ဓမ္မကိုပြည့်ပြည့်၀၀ ရှင်းပြနိုင်တာ။သို့သော် ‘ဓမ္မ’ ဆိုတာ လောကကြီးမှာ အမြဲရှိနေတဲ့ 'The Law of Nature’ မြတ်စွာဘုရားက ‘ဓမ္မ' ကိုတီထွင်ခဲ့တာမဟုတ်ဘူး။)
(မြတ်စွာဘုရားက ‘ဓမ္မ’ ကိုတွေ့ရှိတာသာ ဖြစ်တယ်။
ဖန်တီးသူ မဟုတ်ဘူး။တစ်နည်းအားဖြင့် တွေ့တယ်ဆိုတာ သိရှိသူ။အဲဒါကြောင့်မို့ ဗုဒ္ဓဆိုတဲ့ အဓိပ္ပာယ်ကိုက အမှန်တရားကိုတွေ့ရှိသူလို့အဓိပ္ပာယ်ရတယ်။ )
(သာမန်သိတဲ့လူကို ဗုဒ္ဓလို့ မခေါ်နိုင်ဘူး။
အမှန်တရားကို အားလုံးပြည့်ပြည့်စုံစုံ ခြွင်းချက်မရှိ
သိတဲ့လူကိုသာ ‘ဗုဒ္ဓ’ လို့ခေါ်တာ။)
(ဒါကြောင့်မို့လို့ သရဏံဂုံသုံးပါးမှာ ဒီ ဓမ္မကိုထုတ်ဖော်ဟောပြောနိုင်တဲ့၊ဓမ္မကိုတွေ့ရှိတဲ့ ပုဂ္ဂိုလ်မို့လို့ ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ လို့ဆိုကြတယ်။ပြီးတော့ အဲဒီ ပုဂ္ဂိုလ်အရှင်သူမြတ်တွေ့ရှိခဲ့တဲ့တရားကို ‘ဓမ္မံ သရဏံ ဂစ္ဆာမိ’ လို့ဒီလိုဆိုတယ်။)
(အဲဒီ မြတ်စွာဘုရားတွေ့ရှိတဲ့ ဓမ္မတွေကိုလက်တွေ့ကျင့်သုံးလို့ပေါက်မြောက်သွားတဲ့ အဖွဲ့အစည်းတစ်ရပ်ကို'သံဃံ သရဏံ ဂစ္ဆာမိ’ လို့ ဒီလိုဆိုကြတယ်။ဒါကိုပဲ ရတနာသုံးပါးလို့ ဒီလိုပြောဆိုကြတယ်။
သရဏံဂုံသုံးပါးလို့လည်း ပြောကြတယ်။)
(အဲတော့…ဒီသဘာ၀တရား ‘ဓမ္မ’ ဆိုတာတွေဟာ မဖော်ထုတ်ရင် မသိဘူး။ ဖော်ထုတ်တဲ့သူရှိမှ သိမှာ။ အဲလို ဖော်ထုတ်တာကလည်းရိုးရိုးတန်းတန်း သာမန်လူမရဘူးတဲ့။ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်လာတဲ့ ဗုဒ္ဓမြတ်စွာလို လူပဲရမှာ။)
(အဲဒီလို ဖော်ထုတ်လိုက်တဲ့ တရားတွေဟာလည်း ရတနာတွေ။ရတနာတွေဆိုတာ လူတိုင်းသုံးနိုင်ပါ့မလား ?ရတနာဆိုတာ အတုလံ ဒုလ်လဘ ဒဿနံ။)
(တွေ့ဖို့ ခဲယဉ်းတာ ရတနာ။
ဓမ္မ ဆိုတာလည်း ရတနာပဲ။)
(ဒီပင်္ကရာ မြတ်စွာဘုရားပွင့်ပြီးနောက် မရေမတွက်နိုင်တဲ့အသင်္ချေပေါင်းများစွာ ကမ္ဘာတွေလွန်ပြီးနောက်
မင်္ဂလ ဘုရားပွင့်တယ်။အဲဒီ ဘုရားနှစ်ဆူကြားထဲက ကာလမှာ ဓမ္မ ဆိုတာ ပျောက်ကွယ်သွားတယ်။
‘ဓမ္မံ သရဏံ ဂစ္ဆာမိ’ ဆိုတာ မရှိတော့ဘူးတဲ့။)
(ဒီပင်္ကရာမြတ်စွာဘုရားလက်ထက်မှာ ဂေါတမမြတ်စွာဘုရားအလောင်းတော် သုမေဓာရသေ့
က ဘုရားဆုပန်တယ်။ အဲဒီနောက် လေးအသင်္ချေနဲ့
ကမ္ဘာတစ်သိန်းကြာပြီးမှ နာရဒမြတ်စွာဘုရားကြားမှာ ဘုရားပွင့်တယ်။အဲဒီကြားထဲမှာ ရေတွက်လို့ မရတဲ့အသင်္ချေပေါင်း ၄ ခါကြုံလို့ လေးအသင်္ချေလို့ခေါ်တာ။)
(နာက် ရေတွက်လို့ရတဲ့ကမ္ဘာက တစ်သိန်း။
ဒီပင်္ကရာမြတ်စွာဘုရားနဲ့ ကောဏ္ဍညမြတ်စွာဘုရားကြားမှာ တစ်သင်္ချေ။
ကောဏ္ဍညမြတ်စွာဘုရားနဲ့ မင်္ဂလမြတ်စွာဘုရားကြားမှာ တစ်သင်္ချေ။
သောဘိတမြတ်စွာဘုရားနဲ့ တစ်သင်္ချေ၊
အနောမဒဿီမြတ်စွာဘုရားနဲ့ ပဒုမုတ္တရမြတ်စွာဘုရားကြားမှ တစ်သင်္ချေတဲ့။
အဲဒီတော့ ဓမ္မဆိုတာ ဘယ်လောက်တန်ဖိုးရှိသလဲ စဉ်းစားကြည့်။တွေ့ဖို့လွယ်လား။မလွယ်ဘူးနော်။ခဲယဉ်းတယ်။)
(ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီးဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)
🙏🙏🙏

image