5 ပတ် - ဘာသာပြန်ပါ။

ချယ်လ်ဆီးနဲ့ ကွန်ဖရင့်လိဂ်ဖလားကို ရပြီးတဲ့နောက် ဆန်ချိုက “မန်ချက်စတာယူနိုက်တက်ဆီ မပြန်တော့ဘူး” လို့ ပြောသွားခဲ့ပါတယ်။ ဒါနဲ့တင် မဟုတ်သေးဘဲ သူ့ရဲ့ အင်စတာဂရမ်မှာ အောင်ပွဲခံပုံကို တင်ခဲ့ရာမှာလည်း လှောင်ပြောင်ရယ်မောနေတဲ့ အီမိုဂျီကိုထည့်သွင်းကာ ယူနိုက်တက်ကို လှောင်ပြောင်သွားခဲ့ပုံရပါတယ်။
တဖက်မှာတော့ ဇာတ်လိုက်ကြီးယူနိုက်တက်က မောင်မောင်လွင်ရဲ့ ဂိုးနဲ့တောင် အာဆီယံအသင်းကို ရှုံးသွားခဲ့တာပါ။ သူ့ကို အငှားချခဲ့တဲ့ ယူနိုက်တက်ရဲ့ ဒီရာသီရလဒ်ဆိုးတွေအတွက် ဆန်ချိုက လှောင်ပြောင်ခဲ့တယ်လို့ ယူဆကာ ယူနိုက်တက်ပရိသတ်တွေလည်း ဒေါသထွက်နေကြပါတယ်။
ဆန်ချိုက ဗိုလ်လုပွဲမှာ အနိုင်ဂိုးတဂိုးသွင်းခဲ့ပြီး ချယ်လ်ဆီးကစားသမားဘ၀မှာ အောင်မြင်မှုပါ ရယူနိုင်ခဲ့တာပါ။ ချယ်လ်ဆီးကသာ သူ့ကိုအပြီးသတ်ခေါ်ယူမယ်ဆိုရင် ပေါင် ၂၅ သန်းပေးချေရမှာပါ။ တကယ်လို့ မခေါ်ယူခဲ့ဘူးဆိုရင်တော့ ပေါင် ၅သန်းနဲ့အတူ ဆန်ချိုကို ပြန်လွှတ်ရမှာဖြစ်ပါတယ်။

image