5 ပတ် - ဘာသာပြန်ပါ။

update တင်တဲ့ Galaxy A56 တချို့ bootloop error တက်နေ

One UI 7 update သစ် တင်ထားတဲ့ တချို့ Galaxy A56 တွေမှာ ပြဿနာတစ်ခု ကြုံနေပါတယ်။
OS boot မတက်နိုင်ဘဲ reboot screen မှာတင် တစ်နေတဲ့ bootloop error ပါ။ One UI 7 သစ်မှာက Gemini Side button supports နဲ့ တခြား Galaxy experience ပိုသွက်လက်စေမယ့် features သစ်တွေ ပါပါတယ်။
ဒီဆော့ဖ်ဝဲလ်သစ်က Galaxy A56 boot စနစ်ကို သွားထိပုံပါပဲ။ update တင်ပြီးတဲ့နောက် တချို့ Galaxy A56 တွေ bootloop ဝင်နေလို့ပါ။ Samsung ဘက်က တရားဝင်ဖြေရှင်း မပေးသေးပေမယ့် တချို့ users တွေကတော့ ဒီ booting ပြဿနာရှင်းတဲ့ နည်းတွေ့ထားကြပါတယ်။
ကိုယ့် Galaxy A56 မှာ အခုလို bootloop ဖြစ်နေပြီဆိုရင် ပထမဆုံး ဖုန်းထဲက SIM card ထုတ်ပါ။ ပြီးရင် Volume Down နဲ့ Power ခလုတ်တွေ တပြိုင်တည်း နှိပ်ပြီး reboot ဝင်အောင် လုပ်ပါ။ home screen တက်လာပြီ ဆိုမှ SIM card ပြန်ထည့်ရမှာပါ။
Galaxy A56 လိုမျိုး update ရထားတဲ့ Galaxy A26 နဲ့ A36 တွေမှာတော့ အခုလို bootloop ပြဿနာရှိတယ်လို့ သတင်းတွေ မကြားရသေးပါဘူး။

image