5 w - Translate

ကလင်ဂါရွာ ၏ ထူးဆန်းသောဖြစ်ရပ်များ (၂၀၂၄)

IMDb - 6/10
Genre - Horror

မကောင်းတဲ့စွမ်းအင်တွေနဲ့ ဝန်းရံနေတဲ့ ရွာလေးတစ်ရွာ။ ညဘက်တွေ ရွာပြင်ထွက်ရင် အပမှီတာလိုလို သရဲပဲပူးတာလိုလိုနဲ့ ကိုယ့်အသားကိုယ်ပြန်လှီးစားကြတာတွေ ကြုံတွေ့နေကြရပါတယ်။ လူသေရင် အဝတ်ပတ်ပြီး ရွာပြင်မှာပဲ ယဇ်ပူဇော်တာလိုမျိုး ပစ်ထားခဲ့ကြတာ ရွာရဲ့ထုံးတမ်းအစဉ်အလာတစ်ခုလို ဖြစ်နေပါပြီ။ ဒီလို မကောင်းတဲ့စွမ်းအင်တွေ ပေါများလှတဲ့ ရွာလေးထဲမှာမှ အမြတ်ကြီးစားငွေတိုးချေးတဲ့အပြင် အကြွေးပြန်ဆပ်ပြီး အပေါင်ပစ္စည်းပြန်တောင်းတဲ့ခါ လူကိုသတ်ပြီး ရွာပြင်သွားပစ်တတ်တဲ့ လူ့တိရစ္ဆာန်တွေကလည်း ရှိနေပြန်ပါရော။ ပေါ့ပေါ့ပါးပါးပဲ နေတတ်ပေမဲ့ မဟုတ်မခံ ရင်ဆိုင်ဖြေရှင်းတတ်တဲ့ လင်ဂါ တစ်ယောက် ဒီလိုပြဿနာတောကြီးထဲမှာ ရှိနေတဲ့အခါမှာတော့ ဖြစ်ရပ်တွေက တကယ်ကို ထိတ်လန့်ဖွယ် ဖြစ်လာပါတယ်။

image