5 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ချမ်းအေးသာစံ၌မီးလောင်၊ အမျိုးသမီးလေးဦးသေဆုံး
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ Cowboy Live Music Bar ၌ ယနေ့(မေ ၂၈ ရက်) နံနက် ၉ နာရီ ၄၈ မိနစ်တွင်မီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီးလေးဦးသေဆုံးကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှသိရသည်။
အဆိုပါ Bar မှာ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စဏမဟီရပ်ကွက်၊ ၇၇ လမ်း၊ ၃၃×၃၄ လမ်းကြားရှိ အမှတ်(၆၃၄) တွင်ဖွင့်လှစ်ထားသည့် ၄၅ ပေ၊ ၂၅ ပေ Steel Structure တစ်ထပ်၊ အုတ်ခင်း၊ အုတ်ကာအဆာက်အဦဖြစ်ပြီး ငလျင်ကြောင့်ပြိုကျပျက်စီးခဲ့သည့်ပျက်စီးမှုများအား အကြီးစားပြင်ဆင်မှုပြုလုပ်နေစဉ်အဆောက်အဦသံတိုင်များအားဝရိန်ဆော်ရာမှ ဂဟေပုံးသို့သွယ်တန်းထားသည့် ပလပ်ခုံရှော့ဖြစ်ပြီး အနီးရှိအသံလုံဖော့ပြားများ၊ ထိုင်ခုံဆိုဖာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာန၏တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
မီးလောင်ရာသို့သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းတစ်ခုမှတာဝန်ရှိသူတစ်ဦးက “လေးလောင်းထွက်ပါတယ်။ ဆိုင်ကဝန်ထမ်းတွေပဲ။ သူတို့ဆိုင်ကပြင်နေတာ။ ဝရိန်ဆော်ရာကနေလောင်တာလို့ ကနဦးသိရတယ်” ဟု ပြောသည်။
ယင်းမီးလောင်မှုကြောင့် အမျိုးသမီးအိပ်ဆောင်အတွင်းရှိ အသက်(၃၀) အရွယ်ရှိ မန်နေဂျာမသူဇာလင်း၊ အသက်(၂၁) နှစ်အရွယ်ရှိ ဧည့်ကြိုဝန်ထမ်း မဆောင်းနှင်းဖြူ၊ အသက်(၂၆) နှစ်အရွယ်ရှိ အကင်ဝန်ထမ်း မသဲစုလှိုင်နှင့် အသက်(၂၃) နှစ်အရွယ်ရှိ အကင်ဝန်ထမ်းမခက်ခက်ခိုင်တို့သေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှသိရသည်။
မီးလောင်မှုကြောင့် ထိုင်ခုံဆိုဖာများ၊ အသံလုံဖော့များနှင့် ဆိုင်သုံးပစ္စည်း မီးလောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အသက်(၃၈) နှစ်အရွယ်ရှိ ဂဟေဆော်သည့် အဖွဲ့ခေါင်းဆောင် ဦးတင့်နိုင်ထွန်းအား ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၈)မြို့မရဲစခန်းမှ (ပ- ၈၈/၂၀၂၅) ပုဒ်မ(၂၈၅ /၃၀၄ (က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
သတင်း - အင်ကြင်း

image
image
image
image