5 w - Translate

Chapter 6_______Muira

လန်ဘိုဂီနီသမိုင်း​ကြောင်းကို ​​ရေးနေပါတယ်ဆို လန်ဘိုဂီနီရဲ့ ဂန္တဝင်ကားအ​ကြောင်း ဘယ်ချန်ထားလို့ ဖြစ်မှာလဲဗျ။ 350GT ထုတ်လုပ်ပြီး​နောက်ပိုင်း 400GT ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။ တစ်​နေ့မှာ ဖရူချီယိုရဲ့ အင်ဂျင်နီယာ​တွေက ပိုပြီး innovative ဖြစ်တဲ့ ကားပုံစံကို ဖရူချီယိုကို တင်ပြခဲ့ပါတယ်။ ​rear-wheel drive(နောက်ယက်) ဖြစ်ရမယ်၊ ပေါ့ပါးရမယ်၊ rear mid-engine layout နဲ့ V12 ဖြစ်ရမယ် ဆိုတဲ့ အိုင်ဒီယာပါ။ ၁၉၆၅ Turin Motor Show မှာ concept ကားကို ပြသခဲ့ပြီး​​တော့ လူစိတ်ဝင်စားမှု​ကော ​​ဝေဖန်မှု​တွေ​ကော ရရှိခဲ့ပါတယ်။ NA V12 အင်ဂျင်ကြီးကိုမှ အ​လယ်မှာဆို​​တော့ ဒီကားက သူ့အချိန်သူ့​ခေတ်ထက်ကိုပိုပြီး ​ခေတ်​​ရှေ့​ပြေး​နေခဲ့တာပါ။ ဒီလိုကားမျိုးကို ဖရူချီယို ဘယ်​တော့မှ ထုတ်နိုင်မှာမဟုတ်ဘူးလို့ ​လူ​တွေက ရယ်​မော​ပြောဆိုခဲ့ကြပေမယ့် Muira ကားတကယ်ထွက်လာတဲ့အခါ လူ​တွေအားလုံးရဲ့ ရယ်သံ​တွေ တိတ်သွားပါတယ်။ ဘာလို့လဲဆို Lamborghini Muira က ကမ္ဘာ့ပထမဆုံး Supercar ဖြစ်ပြီး 350HP နဲ့ 300 ft-lbs of torque ထွက်​တဲ့ 3.9L NA V12 အင်ဂျင်ကြီးဟာ Lamborghini Muira ကို 1967 ခုနှစ်ရဲ့ ကမ္ဘာ့အမြန်ဆုံးကား ဖြစ်​စေခဲ့လို့ပါ။ 0-60 ကို 6.7sec နဲ့ ​ရောက်ပြီး top speed က​​ 174MPH ပါ။ (အဲ့​ခေတ်က​ အဲ့​လောက် speed က အမြန်ဆုံးပေါ့​နော် ။ ယ​နေ့​ခေတ်​တော့ SSC TUATARA က 330 MPH နဲ့ ကမ္ဘာ့အမြန်ဆုံးကားပါ) Muira နာမည်က ဖရူချီယိုရဲ့ မိတ်​​ဆွေ Don Eduardo Muira ဆိုတဲ့ နာမည်ကို အစွဲပြုပြီး မှည့်ခဲ့တာဖြစ်ပါတယ်။