5 ပတ် - ဘာသာပြန်ပါ။

ငါ့ကို အမြင်ကပ်တဲ့လူတွေမှာလည်း
အမြင်ကပ်ချင်တဲ့အကြောင်းအရင်းတွေ
ရှိမှာဘဲလေ။
ငါ့ကိုမုန်းတဲ့လူတွေမှာလည်း
ငါ့ရဲ့အဆိုးဖက်ကို ကြည့်ခဲ့လို့နေမှာပါ။
ငါ့ကိုသဘောမကျတဲ့လူတွေမှာလည်း
သူတို့လက်မခံနိုင်တဲ့
ငါ့ဖြစ်တည်မူကြောင့်လည်း
ဟုတ်ချင်ဟုတ်မှာပေါ့။
ငါ့ကိုမချစ်နိုင်တဲ့လူတွေမှာလည်း
ငါဖြစ်နေလို့ မချစ်နိုင်တာလည်း
ဖြစ်ချင်ဖြစ်နိုင်တာပဲလေ။
ငါ့တည်ရှိခြင်းက
လူတွေအတွက် အရေးမကြီးသလို
ကမ္ဘာကြီးကလည်းငါ့ကိုအကြောင်းပြုပြီး
လည်ပတ်နေတာမဟုတ်ဘူး။
လူတွေရဲ့ရူထောင်အမျိုးမျိုးနဲ့
ငါ့ရဲ့ဖြစ်တည်မူအပိုင်းအစတွေကို
ဘယ်လိုပဲထင်မြင်ကြပါစေ
ငါကတော့
ဂရုစိုက်မှာမဟုတ်ဘူး
ဘာကြောင့်ဆို လူတိုင်းက
ငါ့အတွက်အရေးမကြီးဘူးလေ။

image