တစ်စုံတစ်ယောက်ကို ဒီလောက်ထိအောင်
အလျှော့ပေးနိုင်ပါလားလို ကိုယ်ကိုယ်တိုင်
မသေချာသေးခင်မှာပဲ
အရာရာကို အလျှော့ပေးပြီးသား ဖြစ်ခဲ့တယ်...

စောင့်မျှော်ရတာ၊ စိတ်ရှည်ရတာတွေကို
သိပ်မုန်းခဲ့ဖူးပေမယ့်
အခုတော့ စိတ်ရှည်လက်ရှည်နဲ့
စောင့်မျှော်နေတတ်လာတယ်...

ဆုတောင်းတွေကို ဘယ်တုန်းကမှ
အယုံအကြည်မရှိခဲ့တဲ့သူလည်း
အခုတော့ တိတ်တိတ်ကလေး
ဆုတွေတောင်းတတ်လာတယ်...

အဲ့ဒါ ကျနော်နားလည်တဲ့ ချစ်ခြင်းမေတ္တာတွေပါပဲ...
ခင်ဗျားဆီ အသေအချာရောက်ပါစေ...

image