ရုရှားပိုက်နက်ထဲ တိုက်ခိုက်ဖို့အတွက် ယူကရိန်းကို ဂျာမနီလက်နက်တွေ အသုံးပြုခွင့်ပေးမယ်
ဘာလင်၊ မေ-၂၈-၂၀၂၅
မျိုးဆက်(VOM)
ရုရှားပိုင်နက်အတွင်း တာဝေးပစ်တိုက်ခိုက်မှုတွေအတွက် ဂျာမနီထောက်ပံ့ပေးထားတဲ့ လက်နက်တွေ ယူကရိန်းကို အသုံးပြုခွင့်ပေးမယ်လို့ ဂျာမနီဝန်ကြီးချုပ် ဖရိုက်းဒရစ်ချ်မာ့ဇ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ယူကရိန်းကို ဆက်လက်ထောက်ခံဖို့အတွက် ဂျာမနီအနေနဲ့ နည်းလမ်းအားလုံး အသုံးပြုမယ်လို့ ဆိုထားပြီး ယူကရိန်းအတွက် ထောက်ပံ့ပေးထားတဲ့ လက်နက်တွေအသုံးပြုမှုမှာ အကွာအဝေးကန့်သတ်ချက်မရှိကြောင်း မာ့ဇ်က ပြောပါတယ်။
ယူကရိန်းအတွက် တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးရေးမှာ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်တို့နဲ့အတူ ဂျာမနီက ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။ ဒါဟာ ယူကရိန်းစစ်ပွဲ ပိုမိုပြင်းထန်လာမှာကို စိုးရိမ်မှုကြောင့် ယူကရိန်းကို ထောက်ပံ့မှုတွေအပေါ် သတိကြီးကြီးထားခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း အိုလပ်ရှုဇ်ရဲ့ မူဝါဒကို အပြောင်းအလဲတရပ်လည်းဖြစ်ပါတယ်။
ဒါဟာ ဥရောပက အဆိုပြုတဲ့ အပစ်အခတ်ရပ်စဲရေးကို ပယ်ချပြီး ယူကရိန်းအပေါ် တိုက်ခို်ကမှုတွေ တိုးမြှင့်လု်ပဆောင်လာတဲ့ ရုရှားအပေါ် ဖိအားပေးဖို့ ရည်ရွယ်ပုံရပါတယ်။ ဂျာမနီဟာ ယူကရိန်းအတွက် ကီလိုမီတာ ၅၀၀ ကျော်ထိ ပစ်ခတ်နို်ငတဲ့ Taurus ဒုံးကျည်တွေကို ရည်ညွှန်းခြင်းဟုတ်မဟုတ် ရှင်းလင်းစွာ မသိရပါဘူး။
ဒါပေမယ့်လည်း ယူကရိန်းဟာ ဒီဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ ဂျာမနီကို တွန်းအားပေးနေပါတယ်။ လက်ရှိဂျာမနီ ညွှန့်ပေါင်းအစိုးရမှာ ဝန်ကြီးချုပ်ဟောင်း အိုလပ်ရှုဇ်ရဲ့ ပါတီလည်းပါဝင်နေတဲ့အတွက် Taurus ဒုံးကျည် ထောက်ပံ့ပေးဖို့ ခွင့်ပြုမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Ref:NHK
