Annabelle အရုပ်က နတ်ဆိုး ပူးကပ်နေပြီး အရမ်းဆိုးတာကြောင့် Warren Family က Annabelle ကိုသူ့မှန်ဘောင်ထဲကမထုတ်ဖို့ သေချာမှာခဲ့ပါတယ်။
ဒါပေမဲ့ Annabelle ကိုခုရက်ပိုင်း US မှာပိုက်ဆံအတွက် Tour လုပ်ခဲ့ပါတယ်။ US တစ်လျှောက် Devils On the Run Tour လုပ်နေပြီး ဒီပွဲရဲ့အဓိက အသက်က Annabelle ဖြစ်ပါတယ်။ Annabelle ကိုပြဖို့အတွက်ပွဲ တာဝန်ရှိသူတွေက Annabelle ရဲ့သူ့မှန်ဘောင်ထဲကထုတ်ပြီး Tour မှာပြမဲ့ မှန်ဘောင်ထဲကိုပြောင်းထည့်လိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ Annabelle က New Orleans က Nottoway Plantation White Castle မှာ ပွဲရဲ့ Icon အဖြစ်အပြခံထားရပါတယ်။
ဒီလိုပြောင်းထည့် Tour လုပ်ပြီး ဘာတွေဖြစ်ကုန်လဲ
Nottoway Plantation White Castle ကြီး မီးလောင်သွားပါတယ်။ သူတို့ပြောတာတော့ Wire ရှော့ဖြစ်လို့ပါလို့ပြောထားပေမဲ့ Annabelle ရောက်လာပြီးမှဖြစ်တော့ Annabelle လေးရဲ့ စနက်လို့ လူတွေကထင်နေကြပါတယ်။
နောက်တစ်ခုဖြစ်တဲ့ပြဿနာက Annabelle New Orleans ကိုရောက်တဲ့အချိန်မှာ Orleans Parish Jail မှာထောင်ဖောက်မှုဖြစ်သွားပြီး ထောင်ဖောက်သူတွေက အစအနမရှိပျောက်သွားတယ်လို့ပြောပါတယ်။ Annabelle ကလည်းမြို့ထဲရောက်နေချိန်ဖြစ်သွားတာကြောင့် Annabelle ကိုအပြစ်တင်နေကြပါတယ်။
ပွဲလာကြည့်သူအချို့ပြောပြချက်အရ သူတို့ က Annabelle အရုပ်နားကိုကပ်နေချိန် စကားပြောသံတစ်ချို့ကိုကြားရတယ်လို့လည်းပြောကြပါတယ်။ တစ်ချို့ဆိုရင် Annabelle ကိုကြည့်ပြီးအပြန် စိတ်မသန့် သလိုဖြစ်ပြီး စိတ်ခြောက်ခြားတယ်လို့ပြောကြပါတယ်
ဘာလို့ Annabelle က Tour လုပ်တာလဲ
Annabelle ကသရဲအရုပ်ထဲမှာတော်တော်လေးနာမည်ကြီးတဲ့ အရုပ်ဖြစ်ပါတယ်။အဲ့တာကြောင့် Annabelle က Tour လုပ်တဲ့အခါ လူတွေရဲ့စိတ်ဝင်စားမှုရပြီး ပိုက်ဆံ ပိုရလာအောင်ပါ။
ဘယ်သူက Annabelle ကို Tour လုပ်ပေးတာလဲ
New England Society for Psychic Research (NESPR) ဆိုတဲ့ အဖွဲ့အစည်းကလုပ်တာပါ။ ဒီအဖွဲ့အစည်းကလည်း Ed & Lorraine တည်ထောင်ထားတဲ့အဖွဲ့ဖြစ်ပါတယ်။လက်ရှိဒီအဖွဲ့အစည်းက Ed တို့ရဲ့သမီး Judy ရဲ့ ယောကျာ်း Tony Spera ကဆက်ဦးဆောင်နေပါတယ်။
လက်ရှိသတင်းထွက်နေသလို တကယ် Annabelle အရုပ်ပျောက်နေတာလား။
Annabelle အရုပ်က ပျောက်သွားတယ်ဆိုပြီး ခနခန သတင်းတွေထွက်ပေမဲ့ မပျောက်ပါဘူး လက်ရှိ ပွဲရဲ့တာဝန်ရှိသူတွေပြောတာတော့ Annabelle ကို လုံခြုံတဲ့နေရာကိုပို့ထားတယ်လို့သိရပါတယ်။
အစကတည်းက မလုပ်ပါနဲ့ပြောထားတာကို လုပ်ပြီး ပြဿနာဖြစ်မှ Annabelle ကြောင့်ဆိုတာမဟုတ်သေးဘူး အစကတည်းကဆိုးလွန်းလို့အခြား သရဲလေ့လာသူတွေတောင် စနောက်တာမလုပ်ရဲတာ သူတို့က Tour ပါလုပ်လိုက်သေး ဖြစ်တာတောင်နည်းသေး

image