5 ပတ် - ဘာသာပြန်ပါ။

Vampire Movie တွေထဲမှာ Personal အရအတော်လေးကြိုက်ပြီး ဆက်ထွက်ရင်လည်း ကောင်းနေနိုင်ရက်နဲ့ cancel သွားတဲ့ Dracula Untold အကြောင်းကို Review လုပ်ပေးပါမယ်။ မှတ်ချက် ဒီ Movie က လွန်ခဲ့တဲ့ 11 နှစ် 2014 ကထွက်ခဲ့ပါတယ်။
Movie အကျဥ်း
ဇာတ်လမ်းအစမှာ မင်းသားက Transylvania ပြည်နယ်ရဲ့ ဘုရင်တစ်ပါးဖြစ်ပြီး Vlad the Impaler အဖြစ်နာမည်ကျော်တဲ့သူတစ်ယောက်ပါ။သူ့မှာအရမ်းလှတဲ့ မိဖုရားတစ်ပါးလည်းရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့တစ်ဖက် မဟာမိတ်နိုင်ငံဖြစ်ပြီးအရမ်း အင်အားကြီးတဲ့ Turkish Empire က Vlad သားအပါ လူငယ် အယောက် 1000 ကိုပေးဖို့တောင်းဆိုခဲ့တယ်။ Vlad ကလက်မခံနိုင်တဲ့အဆုံး Turkish Empire ကိုပြန်ဆန့်ကျင်တာကြောင့် နိုင်ငံငယ် Transylvania ကို Turkish ကစတိုက်ခိုက်ဖို့ ရောက်လာပါတယ်။ သူတို့်ချည့်ပဲဆိုမနိုင်မှန်းသိတဲ့ Vlad က တောင်တန်းတစ်ခုပေါ်က မကောင်းဆိုးဝါဖြစ်တဲ့ Master Vampire ကိုအကူညီသွားတောင်းခဲ့ပါတယ်။ Master Vampire ကလည်း Vlad စီကနေမျှော်လင့်ချက်ရကြောင်းပြောလိုက်ပါတယ်။ဘာလို့ Master Vampire ကဒီတောင်ပေါ်ပိတ်မိနေလဲဆိုရင် သူကဟိုးအရင်က Demon တစ်ကောင်နဲ့အပေးအယူလုပ်ပြီး စွမ်းအားကြီးလာတော့ နတ်ဆိုးကပဲဒီတောင်ပေါ်ကနေထွက်မအောင် ကျိန်စာတိုက်ခဲ့ပါတယ်။ Master Vampire အစွမ်းကို လိုလိုချင်ချင်လာတောင်းပြီး သူကိုယ်တိုင်လည်း Vampire ဖြစ်လာရင် Master Vampire လည်းဒီကျိန်စာကနေလွတ်မှာပါ။
အဲ့တာကြောင့် Vlad က Master Vampire စီကအစွမ်းလာတောင်းတော့ Master Vampire အတွက် လွတ်ဖို့မျှော်လင့်ချက်ဖြစ်သွားပါတယ်။ ဒီလိုနဲ့ Vlad ကို MV ကသူ့သွေးတိုက်လိုက်ပြီးသူ့အစွမ်း ကိုပေးလိုက်ပါတယ်။ Vlad အနေနဲ့ ၃ ရက်တိတိလူသွေးမသောက်ရင် လူပြန်ဖြစ်မှာဖြစ်ပြီး ၃ ရက်အတွင်းသွေးသောက်မိရင်သူလည်း Vampire ဖြစ်မှာပါ။ တစ်ဖက်မှာသူတိုင်းပြည်ကို Turkish Empire ကလာတိုက်ခိုက်ပါတယ်။ အစွမ်းရသွားတဲ့ Vlad ကလည်းရန်သူတပ်တွေကို solo vs ကျုံးပြီး ခနလေးအနိုင်ယူလိုက်ပါတယ်။ သူတို့နန်းတော်နေရာက ပျက်သွားတော့ တောင်တန်းတစ်ခုက နေရာမှာသွားပုန်ကြပေမဲ့ Vlad ကို Vampire အဖြစ်သံသဃဝင်နေတဲ့ ဘုန်းကြီးက သူ့ပြည်သူတွေရှေ့မှာ Vlad ကို Vampire ဖြစ်ကြောင်းပြလိုက်တော့ ပြည်သူတွေကလန့်သွားပါတယ်။ ဒါပေမဲ့ Vlad တို့နေရာကိုတိုက်ဖို့လိုက်လာတဲ့ Turkish Empire တပ်တွေကိုကြိုးစားတိုက်ခိုက်နေတုန်း Vlad မိန်းမလည်း နေရာအမြင့်ကြီးကနေပြုတ်ကျ Thay သွားပါတယ် Vlad လည်း သူ့မိန်းမ သွေးကိုသောက်လိုက်ပြီး Master Vampire လည်းလွတ်သွားပါပြီ။ Vlad လည်း Turkish Empire ကိုအပြီးအဆုံးသက်လိုက်ပေမဲ့နောက်ဆုံးမှာသူလည်း thay သလိုဖြစ်သွားပါတယ်။ သူ့သားကတော့ England ဘုရင်ဖြစ်လာပါတယ်။ နောက် Modern day တစ်ရက်မှာ Vlad ကလူတွေကြားသွားနေရင်းသူ့မိန်းမ နဲ့တူတဲ့ မိန်းကလေးတစ်ယောက်ကိုမြင်ပြီး Vlad ကသူတို့ကြားက ကဗျာလေးတစ်ခုကိုရွတ်ပြီးဇာတ်လမ်းစဖို့လုပ်နေရင်း အနောက်မှာတော့ Master Vampire က Let the game begin ဆိုပြီး သူတို့နောက်လိုက်ရင်း အဆုံးသက်သွားပါတယ်။
ဇာတ်လမ်း အနာဂတ်
ဒီ Dracula Untold က Dark Universe ရဲ့အစဖြစ်လာရမှာပါ။ သူ့အနောက်မှာ The mummy Dracula နဲ့ Frankenstein တို့ဆက်ထွက်ဖ်ို့ရှိခဲ့တာပါ။ ဇာတ်လမ်းကို 70 Million သုံးထားပြီး 217 Million ပြန်ရခဲ့ပြီး အောင်မြင်ခဲ့ပေမဲ့ ခရမ်းချဥ်သီးပုတ်မကောင်းတာရယ် လူစိတ်ဝင်စားအောင်မြင်မှုနည်းတာရယ်ကြောင့်ဆက်မထုတ်တော့ပဲ Tom cruise ရဲ့ The mummy နဲ့ပဲပြန်စဖို့ကြိုးစားပေမဲ့ The mummy လည်း failed သွားတာကြောင့် Studio ဘက်ကရပ်လိုက်တာပါ သူတို့ အဓိက Plan က နာမည်ကြီးမင်းသားနဲ့ပြန်ဆက်ချင်တာပါ ဒါပေမဲ့ Tom လည်း Mummy ကိုမကယ်နိုင်ပဲ Failed တာပါပဲ
Movie Theme က Vampire movie တွေရဲ့ Theme နဲ့ GOT တို့လို Theme မျိုးသွားထားပြီး ဇာတ်လမ်း လည်းတော်တော်လေးကောင်းပါတယ်။ Actor တွေလည်းသူ့နေရာနဲ့သူလိုက်ပြီး Vlad ကလည်း character နဲ့လိုက်ပါတယ်။
ဇာတ်ကားနဲ့ပတ်သက်ပြီး သိသင့်တဲ့အချက်
Master Vampire က ဘယ်သူလဲ။ Roman Empire က Caligula ဖြစ်ပါတယ်။ သူ့အကြောင်းကို Dracula 2 မှာပြဖို့လုပ်ထားပေမဲ့ဆက်မထွက်လို့မသိလိုက်ရတာပါ။

image