မိသားစုလို ​နွေး​ထွေးမှုမျိုး ကိုယ့် အိမ်မှာ​နေရသလို ခံစားရတဲ့ ​ခံစားမှု Budget မှ Budget ဆိုတဲ့ သူ​တွေအတွက် (Motel Review)
GalaxyMotel Hpa An
ပြည်တွင်း Backpacker ​တွေကြားထဲမှာ နာမည်ရှိတယ် ဆိုတာထက် အရင် Tourism ​ခေတ်​ကောင်းစဥ်က နိုင်ငံခြားသား Backpacker ​တွေကြားထဲမှာ Review ​ကောင်းတာ။
သန့်ရှင်းမှုပိုင်း ​ကောင်းတယ် အသုံးအ​ဆောင်ပစ္စည်း​တွေ ​ဟောင်း​ပေမယ့် ​အသုံးပြုလို့ရ​နေ​တယ် နိုင်ငံခြားက Motel ​တွေဆီ​ရောက်​နေတယ် ဆိုတဲ့ ခံစားမှုမျိုး အနံ့အသက်က အစ မတူဘူး ကွဲထွက်​နေတာ။
၃​ယောက်ခန်း Family Room ကို ၃၇၅၀၀ ကျပ် Air-Con ပါတယ် Bathroom ပါတယ် တစ်​ယောက်ကို ၁၂၅၀၀ ပဲကျတယ် ဒီ​ခေတ်ထဲမှာ ဒီ​စျေးက တန်တယ် ဆိုတာထက် ပိုတယ်။
Location ​ကောင်းတယ် ​ရွှေရင်​မျှော်ဘုရား ကမ်းနားည​စျေး နာရီစင် မြို့မ​စျေးကြီး နားမှာပဲရှိတာ ဝန်ထမ်း မ​တွေ့ဘူး Family Type ပုံစံမျိုးသွားတာ ​တွေ့ခဲ့တဲ့ ညီမ နှစ်​ယောက်လုံး Welcome ဖြစ်တယ် Helpful ဖြစ်တယ်။
ပြန်ချုပ်ရရင် ဘားအံမှာ Budget Type လဲ ဖြစ်ချင်တယ် ပစ်စလက်ခတ်ကြီးလဲ မ​နေချင်ဘူး ​ဂျောင်ကြို ​ဂျောင်ကြားထဲလဲ လမ်းပတ်မ​လျှောက်ချင်ဘူး ဆိုရင် ​ရွေးချယ်သင့်တဲ့ Motel တစ်ခုလို့ မြင်တယ်။
GalaxyMotel Hpa An
ThitSar Street and the corner of
Thida Street, 2 Quarter Hpa-an.
☎️ 09692844466
#သွားမယ်&တည်းမယ်

image