မိသားစုလို နွေးထွေးမှုမျိုး ကိုယ့် အိမ်မှာနေရသလို ခံစားရတဲ့ ခံစားမှု Budget မှ Budget ဆိုတဲ့ သူတွေအတွက် (Motel Review)
GalaxyMotel Hpa An
ပြည်တွင်း Backpacker တွေကြားထဲမှာ နာမည်ရှိတယ် ဆိုတာထက် အရင် Tourism ခေတ်ကောင်းစဥ်က နိုင်ငံခြားသား Backpacker တွေကြားထဲမှာ Review ကောင်းတာ။
သန့်ရှင်းမှုပိုင်း ကောင်းတယ် အသုံးအဆောင်ပစ္စည်းတွေ ဟောင်းပေမယ့် အသုံးပြုလို့ရနေတယ် နိုင်ငံခြားက Motel တွေဆီရောက်နေတယ် ဆိုတဲ့ ခံစားမှုမျိုး အနံ့အသက်က အစ မတူဘူး ကွဲထွက်နေတာ။
၃ယောက်ခန်း Family Room ကို ၃၇၅၀၀ ကျပ် Air-Con ပါတယ် Bathroom ပါတယ် တစ်ယောက်ကို ၁၂၅၀၀ ပဲကျတယ် ဒီခေတ်ထဲမှာ ဒီစျေးက တန်တယ် ဆိုတာထက် ပိုတယ်။
Location ကောင်းတယ် ရွှေရင်မျှော်ဘုရား ကမ်းနားညစျေး နာရီစင် မြို့မစျေးကြီး နားမှာပဲရှိတာ ဝန်ထမ်း မတွေ့ဘူး Family Type ပုံစံမျိုးသွားတာ တွေ့ခဲ့တဲ့ ညီမ နှစ်ယောက်လုံး Welcome ဖြစ်တယ် Helpful ဖြစ်တယ်။
ပြန်ချုပ်ရရင် ဘားအံမှာ Budget Type လဲ ဖြစ်ချင်တယ် ပစ်စလက်ခတ်ကြီးလဲ မနေချင်ဘူး ဂျောင်ကြို ဂျောင်ကြားထဲလဲ လမ်းပတ်မလျှောက်ချင်ဘူး ဆိုရင် ရွေးချယ်သင့်တဲ့ Motel တစ်ခုလို့ မြင်တယ်။
GalaxyMotel Hpa An
ThitSar Street and the corner of
Thida Street, 2 Quarter Hpa-an.
☎️ 09692844466
#သွားမယ်&တည်းမယ်


