❝Brooks ဒီမှာရှိခဲ့တယ် ❞
ကိုယ့်လူတို့ရေ။ ပြင်ပလောကကြီးက အပြောင်းအလဲသိပ်မြန်တာပဲ။ ကျုပ် ကလေးဘဝတုန်းက မော်တော်ကားဆို တစ်စီးပဲတွေ့ခဲ့ဖူးတာ၊ ခုတော့ နေရာတိုင်းပါပဲလား။ ကမ္ဘာကြီးလည်ပတ်နေတာ တယ်မြန်သကိုး။ လွတ်ငြိမ်းချမ်းသာအသင်းက ကျုပ်ကို The Brewer လို့ခေါ်တဲ့အိမ်ကလေးမှာ နေရာချပေးထားတယ်၊ စတိုးဆိုင်မှာ ပစ္စည်းတွေ အိတ်ထဲထည့်ပေးတဲ့အလုပ်ကလေးနဲ့ပေါ့ကွယ်။ အလုပ်ကပင်ပန်းပေမယ့် ကျုပ်လည်းကြိုးစားလုပ်ပါတယ်၊ ဒါပေမယ့် ကျုပ်လက်တွေအမြဲလိုလို နာနေပါရော။ စတိုးဆိုင်မန်နေဂျာကြည့်ရတာ ကျုပ်ကိုသဘောကျပုံမပေါ်ပါဘူး။ တစ်ခါတစ်လေကျ အလုပ်ချိန်ပြီးသွားရင် ပန်းခြံထဲသွားပြီး ငှက်ကလေးတွေကို အစာကျွေးတတ်တယ်။ Jake ပေါ်လာပြီး လာနှုတ်ဆက်မယ်လို့ ထင်နေတုန်းပဲကွယ်။ တစ်ခါမှတော့ ပေါ်မလာခဲ့ပါဘူး။ သူ ဘယ်ရောက်နေနေ အဆင်ပြေပြီး သူငယ်ချင်းအသစ်တွေရနေဖို့ပဲ မျှော်လင့်ပါတယ်။ ကျုပ် ညတွေဆိုအိပ်မပျော်ဘူး။ အမြင့်ကပြုတ်ကျနေသလို အိပ်မက်ဆိုးတွေမက်တယ်။ နိုးလာရင် ကြောက်နေပါရောလား။ တစ်ခါတစ်လေကျ ကျုပ်ဘယ်ကိုရောက်နေတယ်ဆိုတာ မနည်းပြန်စဥ်းစားရတယ်။ သေနတ်တစ်လက်ဝယ်ပြီး စတိုးဆိုင်ကိုဓားပြပြန်တိုက်လိုက်ရင် ကျုပ်ကို ထောင်ထဲပြန်ပို့ပေးမလားမသိပါဘူးကွယ်။ အပိုဆုအနေနဲ့ မန်နေဂျာကိုပါ ပစ်ပေးဦးမယ်စိတ်ကူးတာပဲ။ ကြည့်ရတာ ကျုပ်ဒါတွေလုပ်ဖို့လည်း အသက်ကြီးနေပြီထင်ပါရဲ့။ ဒီမှာမပျော်ဘူးကွယ်။ အချိန်တိုင်းကြောက်လန့်နေရတာ ပင်ပန်းလှပါပြီ။ ကျုပ် ဆက်မနေတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ။ သူတို့လည်း ကျုပ်လိုလူအိုကြီးကို အရေးတယူအဖတ်လုပ်မယ်မထင်ပါဘူး။
စာကြွင်း။ Heywood ကို သူ့လည်မျို ဓားထောက်ခဲ့မိတဲ့အတွက် တောင်းပန်ကြောင်းပြောပေးပါ။ သူ့အပေါ် ဘာအငြိုးမှမရှိပါဘူးကွယ်။
Brooks, The Shawshank Redemption

image