5 ပတ် - ဘာသာပြန်ပါ။

အနားယူတော့မယ့် Giorgio Petrosyan
Giorgio Petrosyan ဆိုတာ ဘာမှပြောစရာမလိုတဲ့ ကစ်ဘောက်ဆင်သမားပါ။ နည်းစနစ်၊ တိုက်ခိုက်ရေးဉာဏ်ရည်နဲ့ ကစားဟန်လှပမှုတွေက အတုယူစရာတွေချည်းပါပဲ။ ကစ်ဘောက်ဆင်မှာ ဆိတ်ကြီးလို့အားလုံးက သတ်မှတ်ထားတာပါ။ ဒါပေမယ့် Superbon ကို အလဲထိုးရှုံးပြီး ONE Championship ကို ပြန်မလာတော့ဘူး။
တကယ်ဆိုရင် Giorgio Petrosyan က အရှုံးကို မယဉ်ပါးသေးဘူး။ ထိုးတိုင်းနိုင် ဖြစ်နေတာပါ။ ကြေးစားဘဝမှာ (၃) ပွဲပဲ ရှုံးဖူးသေးတယ်။ အမှတ် (၁) ပွဲ။ အလဲထိုး (၂) ပွဲပါ။ Superbon ကို မရှုံးခင်က Giorgio Petrosyan ဟာ Andy Ristie ကို အလဲထိုးရှုံးဖူးတယ်။ ပင့်လက်သီးထိပြီး ရှုံးသွားတာပါ။ Superbon တုန်းကလောက် ရုပ်ပျက်ဆင်းပျက်မဖြစ်ပါဘူး။
တကယ်ဆိုရင် Giorgio Petrosyan က Superbon ကိုရှုံးပြီး စိတ်ထိခိုက်သွားတာပါ။ အမြင့်ကန်ချက်ကြောင့် မေးရိုးကျိုးလို့ ခွဲစိတ်လိုက်ရတယ်။ အဲဒါတွေက အိပ်မက်ဆိုးလို ခြောက်လှန့်နေတယ်တဲ့။ ညအိပ်မပျော်ဘူး။ ONE Championship က ပြန်ခေါ်ပေမယ့် မလာတော့ဘူး။
Giorgio Petrosyan နဲ့ ONE Championship ကြားက စာချုပ်ကိစ္စဟာ ပြောရခက်တယ်။ Exclusive Contract မဟုတ်တာ သေချာတယ်။ သူတို့ချင်းပဲ အတိအကျသိလိမ့်မယ်။ ဘာလို့လဲဆိုတော့ ONE Championship မှာ မထိုးပေမယ့် Giorgio Petrosyan က အီတလီနိုင်ငံမှာ ပွဲထိုးနေလို့ပါ။ အီတလီနိုင်ငံမှာ (၄) ပွဲဆက်နိုင်ထားတယ်။
နိုဝင်ဘာလ (၂၂) ရက်မှာ Giorgio Petrosyan က အီတလီနိုင်ငံ မီလန်မြို့မှာ ပွဲထိုးဦးမယ်တဲ့။ ဒါပြီးရင် နားပြီတဲ့။ နောက်ဆုံးပွဲထိုးတော့မှာပါ။ ဒီဇင်ဘာလကျရင် အသက်ကလည်း (၄၀) ပြည့်တော့မှာဆိုတော့ အနားယူသင့်ပါပြီ။ ကစ်ဘောက်ဆင်ဆိတ်ကြီးကို လွမ်းနေရဦးမှာပဲ။

image