သေခြင်းကပ်ရောဂါ (၂၀၀၉)
IMDb - 6/10
Genre - Horror, Sci-fi
ကမ္ဘာပျက်ကိန်းနဲ့ပတ်သက်တဲ့ဇာတ်ကားတွေကြိုက်သူများအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းကတော့ လူသားမျိုးနွယ်တွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ ကူးစက်မြန်ဗိုင်းရပ်စ်တစ်မျိုးရဲ့ရန်ကနေ ရှောင်ရှားထွက်ပြေးရင်း လမ်းပေါ်မှာတွေ့ကြုံရတဲ့အခက်အခဲများစွာကို ကြိုးစားဖြတ်ကျော်ပုံတွေကို သဘာဝကျကျ ရိုက်ကူးတင်ပြထားတာပါ။ ဗိုင်းရပ်စ်ဆီကနေရှောင်ရှားဖိုအတွက် ကျန်ရစ်သူတွေက စည်းမျဥ်းတွေအတိုင်းလိုက်နာပြီးပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာနေနိုင်မှသာ အသက်ရှင်နိုင်မှာပါ။ ဒါကြောင့်မို အသက်အန္တရာယ်နဲ့တွေ့ရတဲ့အခါ လူသားအချင်းချင်းတောင် ကိုယ်လွတ်မြောက်နိုင်ဖိုအတွက် ဘယ်သူ့ကိုမှ မငဲ့ညှာဘဲ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရပုံများနဲ့ အဖြူအမဲဒွန်တွဲနေတဲ့လူ့သဘာဝကို အပြင်လောကကြီးအတိုင်း လက်တွေ့ဆန်စွာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
