5 ပတ် - ဘာသာပြန်ပါ။

ကျွန်တော်တို့ ကမ္ဘာပေါ်မှာ နေထိုင်ကြတဲ့ လူသားတွေဟာ အမြဲတမ်း စူးစမ်းရှာဖွေချင်စိတ်၊ အသစ်အဆန်းတွေကို သိချင်စိတ် ပြင်းပြကြသူတွေပါ။
ဒါ့အပြင်ရေကြည်ရာမြက်နုရာကို ရှာဖွေ အခြေချနေထိုင်လိုကြတဲ့ ဓလေ့ထုံးစံဟာ လူသားတွေရဲ့ သွေးသားထဲမှာ အရင်ကတည်းက ကိန်းအောင်းနေပါတယ်။
နယ်မြေသစ်တွေဆီကို အခြေချ လေ့လာစူးစမ်းရေးလုပ်ငန်းတွေလုပ်ပြီးအောင်မြင်မှုတွေရခဲ့တဲ့ မာကိုပိုလို၊ ခရစ္စတိုဖာကိုလံဘတ် နဲ့ တရုတ်ဘုန်းတော်ကြီး Xuanzang တို့တွေဟာ လူသားတွေ နယ်မြေသစ်ခရီးသွားပြီး စွန့်စားခရီးစဉ် ထွက်ခဲ့ကြတဲ့ သမိုင်းရှေ့ဆောင်တွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁၉၆၉ မှာ လူသားတွေ အနေနဲ့ အရင်က စိတ်ကူးယဉ်ခဲ့ကြတဲ့ လဗိမ္မာန် ပေါ်ကို သွားရောက်ခဲ့နိုင်တာဟာ လူသားတွေဖြစ်တည်မှုသမိုင်းမှာ နည်းပညာဆိုင်ရာအောင်မြင်မှု တစ်ခုဖြစ်လာခဲ့ပါတယ်။
အခုခေတ်၂၀၂၅+ မှာတော့ အာကာသ သိပ္ပံပညာရှင်တွေနဲ့ နိုင်ငံတကာ အာကာသအဖွဲ့အစည်းတွေရဲ့ အဓိကနေရာသစ်လေ့လာရေးက အင်္ဂါဂြိုဟ် ဖြစ်လာပါတယ်။
အင်္ဂါဂြိုဟ် (Mars) ကို ဘာလို့ လူသားတွေ သွားရောက်ပြီး အခြေချချင်ရတာလဲ?
ကမ္ဘာဆီကို မတူညီတဲ့ အရွယ်အစားရှိတဲ့ ဥက္ကာခဲတွေ အများအပြားဟာ သမိုင်းတစ်လျောက်နေ့စဉ်အမျှ ဝင်ရောက်ထိခိုက်နေပါတယ်။
တစ်ခုကံကောင်းတာက ဒီလို ဥက္ကာခဲတွေရဲ့ အရွယ်အစားဟာ အများဆုံး ကားတစ်စီးစာလောက်ပဲ အရွယ်အစားရှိတာမို့ ကမ္ဘာနဲ့ လူသားမျိုးနွယ်တွေဟာလောလောဆယ်တော့ အန္တရာယ်ကင်းနေပါသေးတယ်။
ကြာသပတေးဂြိုလ်နဲ့ စနေဂြိုလ်လိုမျိုး နေစကြာဝဠာ အဖွဲ့အစည်းအပြင်ဘက်က ဂြိုလ်ကြီးတွေက ဒီလို နေစကြာဝဠာ အတွင်းဘက်ဆီကို ဝင်ရောက်လာတဲ့အန္တရာယ်ရှိနိုင်တဲ့ ဥက္ကာခဲတွေကို အများဆုံးကာကွယ်ပေးထားတာကြောင့်လည်းပါပါတယ်။
ဒါပေမယ့် အနာဂတ်တစ်ချိန်ချိန်မှာ မမျှော်လင့်ထားနိုင်တဲ့ အခြေအနေတစ်မျိုးမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကမ္ဘာမှာ နှစ်ပေါင်းသန်း၂၀၀ တိုင်အောင်နေထိုင်နိုင်ခဲ့တဲ့ ဒိုင်နိုဆောမျိုးစိတ်တွေဟာ အရှည်တစ်ဆယ် မိုင်ခန့်သာရှိတဲ့ ဥက္ကာခဲတစ်ခု ဝင်တိုက်ခဲ့တာရဲ့ အကျိူးဆက်ကြောင့် မျိုးပြုတ်ခဲ့ရပါတယ်။
လူသားတွေလောလောဆယ်ထိတ်လန့်စရာမလိုသေးပေမယ့် Stephen Hawking လိုပညာရှင်တွေ အကြံပြုထားတာက လူသားမျိုးနွယ်ဟာ ဒီလို အန္တရာယ် တွေက ကင်းဝေးအောင် Multi planet civilization လို့ခေါ်တဲ့ ဂြိုလ်များစွာမှာ နေထိုင်နိုင်တဲ့ မျိုးစိတ်တစ်ခုဖြစ်အောင်ကြိုးပမ်းသင့်တယ်ဆိုတာပါ။
ဒီလိုကြိုးပမ်းရာမှာ ကျွန်တော်တို့ နေအဖွဲ့အစည်းထဲမှာ ဂြိုဟ်တွေ အများကြီးထဲကမှ အင်္ဂါဂြိုဟ်ဟာ ကမ္ဘာနဲ့ အတော်လေး တူညီတဲ့ လက္ခဏာရပ်တွေ ရှိပါတယ်။
ဒါကြောင့်လည်း လူသားတွေ သွားရောက်အခြေချဖို့ ပထမဆုံး ပစ်မှတ်ထားခံရတာပါ။နေစကြာဝဠာအဖွဲ့အစည်းရဲ့ သက်ရှိတွေနေထိုင်နိုင်မယ့် rocky planet နဲ့ Habitable zone အတွင်းမှာ တည်ရှိနေတဲ့ ဂြိုလ်သုံးလုံးထဲ မှာ ပါဝင်တဲ့ ဂြိုလ်ဖြစ်ပါတယ်။
အင်္ဂါဂြိုဟ်ရဲ့ ဝင်ရိုးစောင်း (axial tilt) ဟာ ကမ္ဘာနဲ့ အတော်လေး နီးစပ်ပါတယ်။ ကမ္ဘာက 23.5∘ လောက် စောင်းပြီး Mars ကတော့ 25.2∘ စောင်းပါတယ်။ ဒီလိုဝင်ရိုးစောင်းနေတာကြောင့် ကမ္ဘာလိုပဲ ရာသီဥတု လေးမျိုး (နွေ၊ မိုး၊ ဆောင်း၊ ဆောင်းဦး) ရှိပါတယ်။ ပြီးတော့ အင်္ဂါဂြိုဟ်ပေါ်က တစ်ရက်တာ (Sol) ဟာ ကမ္ဘာ့တစ်ရက် (၂၄ နာရီ) နဲ့ သိပ်မကွာပါဘူး။ Mars One Sol (တစ်ရက်) ဟာ ၂၄ နာရီ ၃၇ မိနစ် ၂၂ စက္ကန့် ရှိပါတယ်။ ဒါကြောင့် သူရဲ့ နေ့ည စနစ်ဟာ ကျွန်တော်တို့နဲ့ အတော်လေး အသားကျနိုင်ပါတယ်။
အင်္ဂါဂြိုဟ်ရဲ့ ဝင်ရိုးစွန်းနှစ်ဖက်လုံးမှာ ရေခဲပြင်ကြီးတွေ ရှိပါတယ်။ အဲဒီရေခဲပြင်တွေဟာ အများအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ရေခဲ (carbon dioxide ice) တွေ ဖြစ်ပေမယ့်၊ မြေအောက်မှာ ရေခဲ (water ice) တွေ မြောက်မြားစွာ ရှိတယ်ဆိုတာကို ဓာတ်ပုံတွေနဲ့ ရေဒီယိုလှိုင်းသုံး လေ့လာမှုတွေကနေ အတည်ပြုထားပြီး ဖြစ်ပါတယ်။
Curiosity Rover နဲ့ Perseverance Rover တို့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်မှာ မြစ်ချောင်းအင်းအိုင်ကြီးတွေ၊ ပင်လယ်တွေတောင် ရှိခဲ့ဖူးတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ တွေ့ရှိထားပါတယ်။
သက်ရှိတွေ ရှင်သန်ဖို့ ရေဟာ မရှိမဖြစ်လိုအပ်တာကြောင့် ဒါဟာ အရေးအပါဆုံး အချက်တစ်ခုပါပဲ။ အနာဂတ် အခြေချနေထိုင်မှုအတွက် လိုအပ်တဲ့ ရေကို Mars ပေါ်ကနေပဲ ထုတ်ယူသုံးစွဲနိုင်ဖို့ (In-Situ Resource Utilization - ISRU) နည်းပညာတွေ ရှာဖွေနေကြပါတယ်။

image