5 ပတ် - ဘာသာပြန်ပါ။

ပြီးခဲ့လေတဲ့ ဘောလုံးရာသီမှာ ဖောရက်စ်ရဲ့အဖြစ်ကိုတွေးကြည့်ရင် အောင်မြင်ခဲ့သလား၊ ကျရှုံးခဲ့သလား ပြောဖို့အတော်ခက်တယ်။ ဥရောပဝင်ခွင့်ရလို့ ကျေနပ်စရာဖြစ်ခဲ့ပေမယ့် အဆင့် ၃ ကနေ down fall ဖြစ်သွားတော့ မှန်းချက်က နှမ်းထွက်မကိုက်ခဲ့ပြန်ဘူး။
ပိုင်ရှင်ဖြစ်သူကတော့ အတော်လေးလောင်နေမှာ သေချာတယ်။ သူ့ကိုဝေဖန်တဲ့ နဗီးလ်ကို အိမ်ကွင်းလာခွင့်ပိတ်တယ်။ ကာရေဂါကိုလည်း ကီးဘုတ်ဖိုက်တာလုပ်ပြီး ဆဲခဲ့သေးတယ်။ လုပ်နိုင်တာအကုန်လုပ်တယ်။ လူအင်အားဖြည့်တယ်။ ဝေဖန်တဲ့သူတွေကို မညှာတမ်းတုံ့ပြန်တယ်။
သူ့ရဲ့မျှော်လင့်ချက်က UCL ဝင်ခွင့်ဆိုတာ ရှင်းတယ်။ ဒါ့ကြောင့်လည်း နူနိုဆန်းတို့စ်ကို ကွင်းထဲအထိသွားပြီး ပြဿနာရှာခဲ့တာပါ။ သို့ပေမယ့်လည်း ကွန်းဖရင့်လိဂ်နဲ့သာ ကျေနပ်ခဲ့ရရှာပါတယ်။

image