7 w - Translate

အမှတ်ပေးဖလားရပြီးနောက် နာပိုလီတို့ မြို့ထဲလှည့်အောင်ပွဲခံနေချိန်မှာ မြင်တွေ့ရတဲ့ နာပိုလီပရိသတ်တွေရဲ့ အားပေးကြိုဆိုမှုပါ။ လမ်းမကြီးတလျှောက် ပြည့်နှက်နေခဲ့ကာ တိုးမပေါက်အောင်ကို ဖြစ်နေခဲ့ပါတယ်။ အပြာရောင်လူပင်လယ်ကြီးကို ဖြစ်နေခဲ့တာပါ။

၃ နှစ်အတွင်း ဒုတိယမြောက် အမှတ်ပေးဖလားကို ရယူနိုင်ခဲ့တာဖြစ်ပြီး ဒီအောင်ပွဲအတွက် နာပိုလီပရိသတ်တွေဟာ အားပါးတရအောင်ပွဲခံခဲ့ကြပါတယ်။ အသင်းကို စောင့်ကြိုနေခဲ့ပြီး နှုတ်ဆက်ခဲ့ကာ အတူတူအောင်ပွဲခံနေခဲ့ပုံက တကယ်ကြက်သီးထစရာပါပဲ။

ကွင်းထဲမှာတင် အားပေးကြမ်းတာမဟုတ်ဘဲ ကွင်းပြင်မှာလည်း နာပိုလီပရိသတ်တွေက အဲလိုမျိုးကို ကြမ်းခဲ့တာပါ။

image