7 ပတ် - ဘာသာပြန်ပါ။

ဘရာဇီးလ်နည်းပြအဖြစ် တာဝန်ယူခဲ့ပြီဖြစ်တဲ့ အန်ဆယ်လော့တီဟာ နည်းပြတာဝန်ယူပြီးပြီးချင်းပဲ သူ့တပည့်ကျော် ကက်စ်မဲရိုးကို ပြန်လည်ရွေးချယ်လိုက်ပါတယ်။ လက်ရွေးစင်အသင်းနဲ့ ကာလအတန်ကြာ ဝေးကွာနေခဲ့တဲ့ ကက်စ်မဲရိုးဟာ ဘရာဇီးလ်အတွက် ပြန်လည်ကစားခွင့် ရပြီဖြစ်ပါတယ်။
ရီးရဲလ်မှာ လက်တွဲခဲ့ဖူးပြီး အန်ဆယ်လော့တီရဲ့ လက်စွဲတော်ကစားသမားဖြစ်ခဲ့တဲ့ Tank ကြီးကို ပြန်ရွေးချယ်မယ်လို့ အန်ဆယ်လော့တီက ကြိုတင်ကာ ဖုန်းဆက်ပြောဆိုထားပြီးဖြစ်ပါတယ်။ အခု တရားဝင်ခေါ်ယူလိုက်တာဖြစ်ပြီး သူတို့နှစ်ယောက် ပြန်ပေါင်းစည်းနိုင်တော့မှာပါ။
ယူနိုက်တက်အတွက် ခြေစွမ်းပြန်ပြန်နေတဲ့ ကက်စ်မဲရိုးအတွက်လည်း ဝမ်းမြောက်စရာပါပဲ။ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ သူ ဝင်ကစားနိုင်ခွင့်ရမယ့် အခွင့်အရေးအထိ ရရှိသွားဖွယ်ရာလည်း ရှိနေပါတယ်။

image