16 w - Translate

ကမ္ဘာ့ပထမဆုံး AI သူနာပြုစက်ရုပ် ထိုင်ဝမ်ဆေးရုံမှာ အသုံးပြု
နေ့ညမနား လူနာပြုစုရတဲ့ သူနာပြုအလုပ်တွေမှာ စက်ရုပ်တွေ ဝင်ကူညီတော့မှာပါ။
ထိုင်ဝမ်က ဆေးရုံတွေမှာတော့ AI နည်းပညာ အသုံးပြုထားတဲ့ နာ့စ်စက်ရုပ်တွေ စပြီး သုံးနေပါပြီ။ Foxconn နဲ့ Nvidia တို့ ပေါင်းပြီး ထုတ်လုပ်ထားတဲ့ ဒီ AI nurse စက်ရုပ်ကို Nurabot လို့ နာမည်ပေးထားပါတယ်။ Nurabot တွေက လူမမာဆီ ဆေးသွားပို့တာ ၊ အဖျားတိုင်း/ရောဂါကြည့်တာနဲ့ ဆေးပစ္စည်းတွေ ယူပေးတာမျိုးတွေ လုပ်နိုင်ပါတယ်။
ဒီစက်ရုပ်မှာက FoxBrian စမတ်စီမံစနစ် ၊ ဆေးရုံနဲ့ ဆေးဘက်ဆိုင်ရာသုံး Nvidia Holoscan နည်းပညာ နဲ့ Jetson Orin ပလက်ဖောင်းတွေလို နောက်ဆုံးပေါ် နည်းပညာတွေ ပါပြီး virtual training အတွက်လည်း Isaac for Healthcare စနစ်တွေလည်း တပ်ဆင်ထားတာပါ။
Nurabot က စက်ရုပ်ထုတ်လုပ်ရေးကျွမ်းကျင်တဲ့ Kawasaki Heavy Industries ဆီက နည်းပညာတွေနဲ့ တည်ဆောက်ထားတာပါ။ နောက်ပိုင်း Nurabot တွေမှာဆို ပိုအဆင့်မြင့်တဲ့ နည်းပညာတွေ ဖြစ်တဲ့ ဘာသာစကားသစ်တွေ ၊ မျက်နှာပြင်ဖတ်ရှုနည်းပညာနဲ့ လူနာကို နေရာရွှေ့ပေးတာမျိုးတွေပါ လုပ်နိုင်ဖို့ ရှိပါတယ်။
Taichung Hospital မှာ သုံးထားတဲ့ စက်ရုပ်ကတော့ နာ့စ်တစ်ယောက်ရဲ့ အလုပ်ဝန်ကို ၃၀% လျှော့ချနိုင်ပြီလို့ ပြောပါတယ်။ သူနာပြုစက်ရုပ်သုံးတာက နာ့စ်တွေရဲ့ လုပ်ငန်းခွင်ပင်ပန်းနွမ်းနယ်မှု လျှော့ချနိုင်ပြီး လူနာကို ပိုပြုစုနိုင်ဖို့ အချိန်ရလာတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အဆိုအရတော့ လုပ်ငန်းခွင်ပင်ပန်းမှုကြောင့် ၂၀၃၀ မှာ နာ့စ်လိုအပ်ချက် ၄.၅ သန်းအထိ ရှိလာမယ်လို့လည်း သတိပေးထားပါတယ်။

image