ဘနားနားယိုရှီမိုတိုဟာ မီးဖိုချောင်ဝတ်ထုကို
ထုတ်ဝေတော့ သူ့အသက် ၂၃ နှစ်ပဲရှိသေးတယ်။ ၁၉၈၇- မှာ စာအုပ်ထွက်လာတော့ ဂျပန်နိူင်ငံရဲ့အမြင့်ဆုံးစာပေဆုကြီးနှစ်ဆုရတယ်။ နောက် အဲ့ဝတ်ထုကို Megan Backus က အင်္ဂလိပ်လိုဘာသာပြန်တော့ ကမ္ဘာမှာ အင်မတန်ပေါက်သွားတယ်။ ပွဲဦးထွက်တအုပ်ထဲနဲ့ နိူင်ငံတကာမယ် နေ့ချင်းညချင်း တန်းဝင်စာရေးဆရာမအဆင့်ကို အော်တိုရောက်သွားတယ်
ဆိုတော့ မီးဖိုချောင်ဝတ်ထုက ဘာအကြောင်းလဲ
ဘယ်လောက်များ ဇာတ်နာထားလို့ တကမ္ဘာလုံးက အဲ့လောက်တောင်ကြိုက်ရသလဲလို့မေးရင် အဝေးရီး။ တအုပ်လုံး ဘယ်နေရာမှ ဇာတ်နာထားတာမပါဘူး။ ဘနားနားယိုရှီမိုတိုရဲ့ဇာတ်လမ်းတွေက မသိစိတ်ထဲမှာစွဲကပ်နေတဲ့ ဒဏ်ရာတွေ၊ ဝေဒနာတွေ၊ ဆုံးရှုံးမှုတွေ၊ အစွဲအလမ်းတွေ၊ လိင်ရမ္မက်တွေ၊ အနှောင်အဖွဲ့တွေကို အရင်းအတိုင်း လက်တွေ့ကျကျတင်ပြထားလို့ပဲ။ ( ကမ္ဘာက ဇာတ်နာတာကိုမကြိုက်ဘူး )
တညမယ် ဇာတ်လိုက်မက ည ၂ နာရီလောက်ကြီး နိူးလာတော့ ဗိုက်ဆာလာလို့ လမ်းပေါ်ဆင်းပီး ခေါက်ဆွဲပြုတ်စားတယ်။ စားနေရင်းနဲ့ ခေါက်ဆွဲပြုတ်ကအရမ်းကောင်းတော့ သူ့ဘဲကိုပါ ကျွေးချင်လာရော။ ဒါမက် ဘဲက လက်ရှိသူ့နေရာနဲ့ မိုင်တရာလောက်ဝေးတဲ့မြို့ကို ရောက်နေတာ။
သူ ခေါက်ဆွဲပြုတ်တပွဲ ပါဆယ်ထပ်ထုတ်တယ်။
တက္ကစီတစီးကို မိုင်တရာကျော်ခရီး အသွားအပြန်ငှားတဲ့ပီး သူ့ကောင်လေးဆီ မနက် ၃ နာရီကြီး သွားပို့တယ်။ ရောက်သွားတော့လည်း ကောင်လေးရဲ့ တည်းခိုခန်းက ရေတံခွန်တွေရှိတဲ့ ကျောက်တောင်ပေါ်မှာ။ ဒါနဲ့ သူ ကျောက်စွန်းတွေပေါ်ကနေ ခက်ခက်ခဲခဲတက်ပီး ကောင်လေးအခန်းထိရောက်အောင်သွားနှိုး။ ကောင်လေးနိူးလာတော့ ရော့ နင့်ကိုကျွေးချင်လို့ ငါလာပို့တာ မပူတော့ရင် ပြန်နွှေးပီးစားလိုက်ဦးဆိုတဲ့ပီး တက္ကစီနဲ့ ညတွင်းချင်း ကိုယ့်နေရာကိုယ် ပြန်ချလာတယ်။
ဒါပဲ အဲ့ဒါတကယ့်ဘဝပဲ။ တကယ့်ဘဝက
လက်တွေ့သိပ်ဆန်တယ်။ ဘာမှဇာတ်နာနေစရာမရှိဘူး။ ကိုယ့်လက်ထဲမယ်ပက်ဆံက ခေါက်ဆွဲပြုတ်တပွဲဖိုးပဲရှိရင် ( ဘယ်သူ့ကိုမှသတိရမနေပဲ ) အဲ့ဒီတပွဲပဲမှာစားပီး ကိုယ့်အခန်းကိုယ် ပြန်တက်အိပ်မယ်။ အဲ့လိုမှမဟုတ်ပဲ ပက်ဆံက ခေါက်ဆွဲပြုတ်နှစ်ပွဲစာအပြင် တက္ကစီခပါ အပိုရှိနေတော့ ( ကိုယ့်ဘဲကိုလည်း ကျွေးချင်နေတဲ့ဆန္ဒဖြစ်ပေါ်လာတဲ့အခါ ) ပါဆယ်ဝယ်ပီး ကိုယ့်ဘဲရှိတဲ့နေရာထိရောက်အောင် သွားပို့ပေးလိုက်တာမျိုး
ကိုယ့်လက်ထဲမယ် ခေါက်ဆွဲပြုတ်တပွဲဖိုးပဲရှိလို့
ကိုယ်က အငတ်ခံပီး ကိုယ့်ဘဲကို ပါဆယ်သွားပို့တဲ့ဇာတ်လမ်းမျိုးက ပိုမကောင်းဘူးလား။ ပိုပီးလူကြိုက်များတဲ့ဇာတ်လမ်းမျိုး မဖြစ်နိူင်ဘူးလားလို့မေးရင် အဲ့လိုသောက်ပေါဆန်တဲ့ဇာတ်လမ်းမျိုးဖတ်ချင်ရင် မင်းတို့မြန်မာဝတ်ထုတွေထဲမှာပဲ ရှာဖတ်လို့ ကမ္ဘာက ပြန်ပြောလိမ့်မယ်။
ဘနားနားယိုရှီမိုတိုရဲ့ ဇာတ်ကောင်အမျိုးသမီးတွေဟာ စိတ်ညစ်စရာတွေရှိလာရင် ဘယ်သူ့ကိုမှ ဖွင့်ဟပြောပီး ဇာတ်နာနေတာဘာညာမရှိဘူး။ သူ့ရဲ့ကောင်လေးကိုပါ အဲ့ဒီစိတ်ညစ်စရာတွေ ပေးမသိဘူး။ အဲ့ဒီအစား သူ့ကောင်လေးရှိတဲ့နေရာကို ရောက်အောင်သွားပီး အတူတူအိပ်ပစ်လိုက်တာမျိုး။ အဲ့ဒါကပဲ ချစ်ခြင်းအပေါ်မှာထားတဲ့ မိန်းမတယောက်ရဲ့အကြီးမားဆုံးသော သစ္စာတရားပဲတဲ့။ ဘယ်လောက် လူသားဆန်လိုက်သလဲကြည့်
တယောက်ယောက်က သူတို့ရဲ့လျှို့ဝှက်ချက်တွေ
ဇာတ်နာစရာတွေကို ကိုယ့်ကိုပြောလာပီဆိုရင် နားမထောင်ပဲ ခပ်ကင်းကင်းနေလိုက်တာကောင်းတယ်တဲ့။ ဘာလို့ဆို နားထောင်လိုက်မိတာနဲ့ ကိုယ်က သူတို့ဆီက ပက်ဆံချေးထားလိုက်မိသလို ဖြစ်သွားပီ။ ဘယ်တော့မှ နဂိုအခြေအနေမျိုးကို ပြန်မရောက်တော့ဘူး။ အဲ့ဒီလျှို့ဝှက်ချက်ကို နားထောင်လိုက်မိတဲ့အတွက် ကိုယ်ကပါ အဲ့ဒီတာဝန်ကို တဝက်ယူပီး ခွဲဝေထိန်းသိမ်းပေးထားရတော့တယ်တဲ့။ ( ဘယ်လောက် လက်တွေ့ကျတဲ့အမြင်လဲ )
ငါတို့အကုန်လုံးက အဲ့လိုမိန်းကလေးတွေပဲလိုချင်သလို မိန်းကလေးတွေအကုန်လုံးကလည်း အဲ့လိုယောကျာ်းမျိုးတွေပဲ လိုချင်မှာပဲ။ သူတို့ကိုယ်တိုင်ကျ မစားပဲအငတ်ခံပီး ကိုယ့်ဝယ်ကျွေးတာတို့ဘာတို့ဆိုတာက စိတ်ကူးယဥ်ဆန်လွန်းပါတယ်။ မရှိဘူးမပြောဘူး၊ ရှိချင်ရှိမှာပေါ့။ ( ငါတို့ကျတော့လည်း အရမ်းချစ်တယ်ပြောပီး ကြက်သားဟင်းကျ ဖွက်စားတတ်တဲ့ သူမျိုးနဲ့ ကြုံခဲ့ဖူးလို့လားတော့မသိဘူး ) အဲ့လို ဇာတ်နာပြရင်ကို ရယ်စရာလို့ပဲမြင်နေတော့တာ : 3
