7 w - Translate

Xiaomi က Smartwatch အတွက်ပါ ကိုယ်ပိုင် Chip သုံးနေပြီ 👀
.
တလောတုန်းက Xiaomi ကနေ ကိုယ်ပိုင် XRING O1 Chipset ကို မိတ်ဆက်ပြီး Xiaomi 15S Pro နဲ့ Xiaomi Pad 7 Ultra တွေမှာ ဦးဆုံးအသုံးပြုထားခဲ့သလို တစ်ဖက်မှာလည်း နောက်ထပ် ကိုယ်ပိုင် XRING Chipset အသစ်နဲ့ Device တစ်ခုကို မိတ်ဆက်ခဲ့ပါသေးတယ်။
ဒါက Xiaomi Watch S4 (eSIM) Version ဖြစ်ပြီး "15th Anniversary Edition" အနေနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။
အဆိုပါ Xiaomi Watch S4 (eSIM) မှာ ထူးခြားချက်ကတော့ XRING T1 လို့ နာမည်ပေးထားတဲ့ ကိုယ်ပိုင် Chip ကို အသုံးပြုထားတာပဲဖြစ်ပါတယ်။ အခု XRING T1 Chip အကြောင်းကို အသေးစိတ်မပြောထားပေမယ့် Xiaomi ဟာ CPU ၊ GPU ၊​ Video Codec ၊​ SensorHub နဲ့ Audio ပိုင်းတွေအပြင် 4G Modem ကိုပါ ကိုယ်တိုင်ပထမဆုံးအနေနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
Xiaomi 15S Pro နဲ့ Pad 7 Ultra တွေမှာ သုံးထားတဲ့ XRING O1 Chip ကလည်း ကိုယ်ပိုင် Chip ဖြစ်ပေမယ့် အသုံးပြုထားတဲ့ Modem က MediaTek ရဲ့ Modem ဖြစ်နေတာကြောင့် အခု Watch S4 (eSIM) ရဲ့ XRING T1 က 4G Modem ကမှ ကိုယ်တိုင်ထုတ်လုပ်တဲ့ ပထမဆုံး Modem ဖြစ်သွားတာပါ။​
အခုလို ကိုယ်ပိုင် 4G Modem ကို အသုံးပြုထားတာကြောင့် XIaomi Watch S4 (eSIM) ဟာ Mobile Network သုံးနေရင်တောင် ယခင်ထက် ၂ ရက်ပိုအသုံးခံပြီး ၉ ရက်ကြာအထိ အသုံးပြုနိုင်မှာပါ။
Xiaomi Watch S4 (eSIM) ဟာ ဒီဇိုင်းပိုင်းအနေနဲ့တော့ ယခင် Watch S4 နဲ့အတူတူပဲဖြစ်ပေမယ့် Forged Carbon Bezel ဖြစ်သွားသလို Display အပေါ်က Glass ကိုလည်း အကြမ်းပိုခံတဲ့ Dragon Glass Lens ကို အသုံးပြုထားမှာဖြစ်ပါတယ်။ အခု XRING T1 Chipset ရဲ့ စွမ်းဆောင်ရည်ဘယ်လောက်ပိုကောင်းသွားသလဲတော့ မသိရပေမယ့် ထူးခြားတဲ့ Feature အသစ်အနေနဲ့ ဖုန်းကင်မရာကို Remote Shutter ပုံစံသုံးပြီး ရိုက်မယ်ဆိုရင် နာရီမှာပါ Live Preview Screen ကို မြင်ရတော့မယ်လို့ သိရပါတယ်။
စျေးနှုန်းအနေနဲ့ကတော့ Watch S4 (eSIM) ကို 1,299 Yuan နဲ့ ရောင်းသွားမှာဖြစ်ပြီး Xiaomi 15S Pro နဲ့ Pad 7 Ultra လိုပဲ တရုတ်နိုင်ငံပြင်ပမှာ ရောင်းချဖို့အစီအစဥ်မရှိလောက်ပါဘူး။​

image