#ပုဇွန်ချဉ် ကို အိမ်မှာ အလွယ်တကူနဲ့ စားလို့ရအောင် သိပ်နည်းလေးပါ Save😋😋
ပုစွန်တွေရေဆေး ချီးထုတ် သန့်စင်ပြီးအခွံခြွတ်
လက်တဆစ်လောက်လေးတွေတုံးပါတယ်
(ကြိတ်တာလည်းမကြိုက် / အကောင်လိုက်လည်းမကြိုက်လို့)
ထမင်းကျန်နဲ့ဆား ထည့်နယ်
ဗူးခွံတခုထဲထည့် ဖိသိပ်ပေးပါ
ဗူးခွံနေရာလွတ်မကျန်အောင်
ငှက်ပျောရွက်မီးကင်သန့်ရှင်းထားတာနဲ့
ထပ်ပြီး ဖိသိပ်ပါတယ်
ဖိမသိပ်ရင် မာမာလေးမရပါဘူး
ပြီးရင် ၂ ရက်လောက် ဒီတိုင်းလေးထားလိုက်ပြီးရင်
စားလို့ရပါပြီ .... လွယ်တာနော်
