7 w - Translate

ချစ်ခြင်းမေတ္တာကို ဘယ်လောက်ထိ
လိုအပ်သလဲလို့ မေးလာခဲ့ရင်
ကျနော်က တစ်လှမ်းချင်း ၊
တစ်လှမ်းချင်း လျှောက်ပြီး
ဒီလောက်ထိ ၊ ဒီလောက်ထိ လို့
ရသလောက် ဆွဲခေါ်သွားမယ့်လူမျိုး ။
နေရထိုင်ရကျပ်တည်းလာလေ
ချစ်မြတ်နိုးရသူတွေကို မပွန်းမပဲ့စေချင်လေပါပဲ ။
မပျောက်မရှဘဲ ၊ အထိအခိုက်မဖြစ်ဘဲ
မနီးမဝေးမှာ ရှိနေစေချင်တာပါပဲ
ဒီလောက်ထိ ၊ ဒီလောက်ထိ လို့
ဆက်ပြီးဆွဲခေါ်သွားဖို့ လိုကိုလိုအပ်လို့ပါ ။
#မြကျေး