5 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ အချက်ငါးချက်ပါ အာဆီယံငြိမ်းချမ်းရေးသဘောတူညီချက် အမြန်ဖော်ဆောင်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သဘောတူ
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရေးအတွက် အချက်ငါးချက်ပါ အာဆီယံငြိမ်းချမ်းရေးသဘောတူညီချက် အပြည့်အဝ အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်ကိုအရှိန်မြှင့်တင်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မေ ၂၅ ရက်တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေးပွဲတွင် အတည်ပြုသဘောတူခဲ့ကြကြောင်း သိရသည်။
ယနေ့ကျင်းပသောအာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေးပွဲတွင် မိမိတို့အနေဖြင့် မြန်မာနိုင်ငံ ရင်ဆိုင်နေရသော စစ်ရေးနှင့်နိုင်ငံရေးပြဿနာများကို ဖြေရှင်းရေးအတွက် အချက်ငါးချက်ပါ အာဆီယံငြိမ်းချမ်းရေး သဘောတူညီချက် အပြည့်အဝအကောင်အထည်ဖော်ရေး အရေးတကြီး လိုအပ်ပုံကိုထပ်လောင်းအတည်ပြုခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က ၎င်း၏လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားထားသည်။
ယင်းပြင်အာဆီယံအနေဖြင့် မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားပေးကူညီရန်ဆန္ဒရှိသော်လည်း လက်တွေ့ဆုံးဖြတ်ချက်ကို မြန်မာပြည်သူများကချရမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက သုံးသပ်ထားသည်။
သို့မှသာ မြန်မာပြည်သူများ၏ဆန္ဒနှင့်အညီ အားလုံးပါဝင်နိုင်မှုရှိပြီး ယုံကြည်အားပြုနိုင်သော ငြိမ်းချမ်းရေးလမ်းကြောင်းကို ဖွင့်ပေးနိုင်မည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့သည် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရေးအတွက် ဒေသတွင်းနိုင်ငံများ ကြိုးပမ်းမှု တစ်စိတ်တစ်ဒေသအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ၂ဝ၂၁ ခုနှစ်တွင် ကျင်းပခဲ့သော အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးတွင် အချက်ငါးချက်ပါ အာဆီယံငြိမ်းချမ်းရေးသဘောတူညီချက်ကို ရယူခဲ့ရခြင်း ဖြစ်သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေးပွဲကို ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည်။
သည်စတား

image