6 ပတ် - ဘာသာပြန်ပါ။

🌷အဖော်မဲ့ရင် အထီးကျန်ပါတယ်🌷
အသက်ကြီးလာရင်
မကောင်းတာတွေဟာ များလာကြပါတယ်
မကောင်းတာတွေက ဘာတွေလဲဆို‌တော့
နားမကောင်းဘူး ခါးမကောင်းဘူး
ဒူးမကောင်းဘူး မျက်စိမကောင်းဘူးပေါ့ ။
မကောင်းလာတာများတော့
ထင်သလောက်ခရီးမတွင်တော့ဘူးပေါ့ ။
လုပ်ချင်စိတ်ရှိသော်လည်း
လုပ်နိုင်စွမ်းက နည်းလာတဲ့အတွက်
စိတ်သွားတိုင်းကိုယ်မပါနိုင်တော့ဘူး မဟုတ်လား ။
အလိုမကျစိတ်တွေ မဖြစ်ပါနဲ့
ဇရာက နားသင့်ပြီလို့ သတိပေးလာလို့
အရာရာကို လျော့ချပြီးတော့
ကောင်းတဲ့အာရုံဘက်မှာ ရှိနေနိုင်ပါစေ ။
မသိသင့်တာတွေကို စိတ်မ၀င်စားပဲ
သိသင့်တာတွေမှာ အချိန်ပေးနိုင်ပါစေ ။
ဘ၀အဖော်မရှိတာထက်
ဓမ္မအဖော်မရှိခြင်းက ဘ၀ဆင်းရဲစေနိုင်လို့
နောက်ဆုံးအရွယ်မှာ
စိတ်ငြိမ်းချမ်းပြီး ဘ၀အဆင်ပြေမယ့်
အလုပ်တွေကိုသာ ရှာဖွေနိုင်ဖို့ကြိုးစားပါ ။
သာရ ဂ ဝေ သီ

image