မေလ၂၅ရက်နိုင်ငံတကာသတင်းတိုများ
၁။မြောက်ကိုရီးယားနိုင်ငံသည် စစ်သင်္ဘောအသစ်တစ်စီး ရေချရာတွင် ကြီးမားသော မတော်တဆမှုဖြစ်ပွားခဲ့သည့်အတွက် သင်္ဘောကျင်းအရာရှိများကို ဖမ်းဆီးထားသည်။ ဂြိုလ်တုပုံရိပ်များအရ အပြာရောင် ပလပ်စတစ်စဖြင့် ဖုံးအုပ်ထားသော စစ်သင်္ဘောသည် တစ်ဘက်သို စောင်းလျက်လဲနေပြီး ပဲ့ဘက်သည် ဆိပ်ကမ်းထဲသို ထိုးထွက်နေကာ ဦးဘက်မှာမူ ဘေးဘက်ရှိ လှေခါးထစ်ပေါ်တွင် ကျန်ရှိနေသည်ကို တွေ့ရသည်။
၂။ဆီရာလီယွန်နိုင်ငံတွင်မျောက်ကျောက်ရောဂါကူးစက်သူ၃၀၀၀ကျော်နေပြီးယခုအချိန်အထိ၁၄ဦးသေဆုံးပြီးဖြစ်သည်။
၃။တရုတ်မှအီရန်နိုင်ငံ၏အကြီးဆုံးကုန်းတွင်းဆိပ်ကမ်းသိုကမ္ဘာ့အရှည်ဆုံးခရီးစဥ်အဖြစ်၁၅ရက်ခုတ်မောင်းရသည့်ကုန်ရထားခရီးစဥ်စတင်ပြေးဆွဲပြီဖြစ်သည်။
၄။ယူကရိန်းသမ္မတဇလင်စကီးသည်ကိယက်ဗ်မြိုကိုဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့သောရုရှားကိုရှုချခြင်းမပြုသည့်အမေရိကန်ကိုပြစ်တင်လိုက်သည်။
၅။ဂျာမန်သတင်စာဘိုင်းကလာမည့်နွေရာသီတွင်ရုရှားသည်ယူကရိန်းကိုထိုးစစ်ကြီးဆင်နွဲရန်ပြင်ဆင်နေကြောင်းရေးသားလိုက်သည်။
NOM