16 w - Translate

ငွေပေးချေကတ် ၄ ခုကို ဗဟိုဘဏ် ဖျက်သိမ်း
ရန်ကုန်
အီလစ်ထရောနစ်ကတ်နဲ့ ငွေပေးချေခွင့်ပြုထားတဲ့ ကတ်လုပ်ငန်း ၄ ခုကို ဖျက်သိမ်းလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မေလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဗဟိုဘဏ်က ဖျက်သိမ်းလိုက်တဲ့အထဲမှာ KKispa Nadi Express Ltd ရဲ့ ipay Card ၊ San Yaung Ni Road Transport ရဲ့ K Card ၊ Active Business Consolidation ရဲ့ ABC Gift Card နဲ့ Integrated Smart Solution ရဲ့ AnyPay Prepaid Card တို့ ပါဝင်လာပါတယ်။
ဗဟိုဘဏ်အနေနဲ့ အဆိုပါကတ်လုပ်ငန်းတွေကို “အီလက်ထရောနစ်ကတ်ဖြင့် ငွေပေးချေမှုဆိုင်ရာ ညွှန်ကြားချက် ၂/၂၀၁၂” အရ ကိစ္စရပ်တစ်မျိုးထဲ (Single Purpose) အတွက် အသုံးပြုနိုင်ရေး ခွင့်ပြုပေးထားတာပါ။
ယခုအခါ အဲဒီကတ်လုပ်ငန်းတွေဟာ ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတာကြောင့် ကတ်လုပ်ငန်းဆောင်ရွက်ခွင့်ကို ဧပြီလ ၁ ရက်နေ့မှစပြီး ဖျက်သိမ်းထားတယ်လို့ သိရပါတယ်။
အီလက်ထရောနစ်ကတ်ဖြင့် ငွေပေးချေမှုဆိုင်ရာ ညွှန်ကြားချက် ၂/၂၀၁၂ အရ ကိစ္စရပ်တစ်မျိုးထဲ အသုံးပြုနိုင်တဲ့ ကြိုတင်ပေးကတ်ကို ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတစ်မျိုး ဝယ်ယူခြင်းအတွက် ပေးချေမှုတွေ ပြုလုပ်ရာမှာ အသုံးပြုခွင့် ပေးထားပါတယ်။
အဆိုပါ ကြိုတင်ပေးကတ်တွေကို ဖြတ်သန်းခကြေး၊ အများပြည်သူသုံး ခရီးသွားလာခတွေ ပေးချေရာမှာ အသုံးပြုနိုင်တယ်လို့လည်း ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

image