#ယနေ့ထုတ်သတင်းစာ_အားကစားသတင်း
◼ ယူရိုပါလိဂ် အရေးနိမ့်ခဲ့ရသော်လည်း အသင်း၏ထောက်ခံမှု မန်ယူနည်းပြ အမိုရင်ရထားဆဲဖြစ်
ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲ၌ စပါးအသင်းကိုအရေးနိမ့်ခဲ့ရသော်လည်း မန်ယူနည်းပြအမိုရင်အနေဖြင့် အသင်း၏ထောက်ခံမှုကို ဆက်လက်ရရှိထားဆဲဖြစ်ကြောင်း အတွင်းစည်းသတင်းအရင်းမြစ်များက ESPN သတင်းဌာနသို့ မေ ၂၂ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
စပိန်နိုင်ငံဘီဘာအိုမြို့၌ မေ ၂၁ ရက်တွင် ကျင်းပခဲ့သော ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် ပရီးမီးယားလိဂ်ပြိုင်ဘက် စပါးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
သို့ဖြစ်ရာ မန်ယူအသင်းအနေဖြင့်(၃၅)နှစ်တာကာလအတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ဥရောပပွဲများ၌ဝေးခဲ့ရသည်။ သို့ရာတွင် နည်းပြအမိုရင်အနေဖြင့် မန်ယူအသင်းတာဝန်ရှိသူ အဆင့်ဆင့်၏ ထောက်ခံမှုကို ဆက်လက်ရရှိထားပြီး လာမည့်နှစ် ဘောလုံးရာသီတွင် မန်ယူကို ဆက်လက်ဦးဆောင်ဖွယ်ရှိကြောင်း သတင်းရင်းမြစ်များက ပြောကြားထားသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် မန်ယူနည်းပြရာထူးစယူခဲ့သော အမိုရင်သည် ၎င်းကိုင်တွယ်ခွင့်ရသည့် ပရီးမီးယားလိဂ်ပွဲပေါင်း ၂၆ ပွဲအနက် ၁၄ ပွဲတွင် ပြိုင်ဘက်များကို အရေးနိမ့်ထားသည်။
သို့ရာတွင် မန်ယူအသင်း တာဝန်ရှိသူများအနေဖြင့် နည်းပြ အမိုရင်ကို မန်ယူအသင်းအတွက် အံဝင်သူတစ်ဦးအဖြစ် မှတ်ယူထားဆဲဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောကြားထားသည်။
မန်ယူအသင်း တာဝန်ရှိသူများအနေဖြင့် နည်းပြသစ်ခန့်အပ်ရန် ဆန္ဒရှိခဲ့ပါက မိမိအနေဖြင့်နစ်နာကြေးမယူဘဲ နည်းပြရာထူးမှ နုတ်ထွက်ပေးမည်ဖြစ်ကြောင်း အမိုရင်က ယူရိုပါလိဂ်ဗိုလ်လုပွဲရှုံးနိမ့်ခဲ့ရပြီးနောက် ထုတ်ပြောထားသည်။

image