#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဓာတုလက်နက်အသုံးပြုမှုကြောင့် ဆူဒန်ကို အမေရိကန်က အရေးယူပိတ်ဆို့မှုသစ် ချမှတ်
ဆူဒန်စစ်ဘက်သည် အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့နှင့်ဖြစ်ပွားနေသော ပြည်တွင်းစစ်တွင် ဓာတုလက်နက်များအသုံးပြုကြောင်း တွေ့ရှိပြီး နောက်ဆူဒန်အပေါ်အရေးယူပိတ်ဆို့မှုသစ်များ ချမှတ်မည်ဟု အမေရိကန်က မေ ၂၂ ရက်တွင် ထုတ်ဖော်ပြော ကြားလိုက်သည်။
ယင်းကိစ္စကြောင့် အမေရိကန်သို့ တင်သွင်းမည့် ဆူဒန်ပို့ကုန်များကို ကန့်သတ်မည်ဖြစ်ပြီး ချေးငွေကန့် သတ်ချက်များကိုလည်း ဇွန် ၆ ရက်တွင်စတင်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က ပြောသည်။
ဆူဒန်စစ်ဘက်နှင့် ပြည်သူ့စစ်အဖွဲ့သည် ပဋိပက္ခအတွင်း၌ စစ် ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။ နှစ်ဖက်အကြား အာဏာလွန်ဆွဲမှုမှစတင်ခဲ့သည့်ပြည်တွင်းစစ်သည် နှစ်နှစ်ကျော်ရှိလာပြီး လူပေါင်းတစ်သိန်းခွဲနီးပါး သေဆုံးခဲ့သည်။
ဆူဒန်ပြည်တွင်းစစ်တွင် မည်သည့် ဓာတုလက်နက်ကို အသုံးပြုခဲ့ ကြောင်း အမေရိကန်က ထုတ်ပြန်ခြင်းမရှိသော်လည်း ကလိုရင်းဖြင့် တိုက်ခိုက်မှုနှစ်ကြိမ်တိုင်တွေ့ရှိခဲ့သည်ဟု နယူးယောက်တိုင်းမ်က ဖော်ပြထားသည်။
မကြာသေးမီကာလများအတွင်း ဆူဒန်စစ်ဘက်သည် မြို့တော်ခါတွမ်ရှိသမ္မတနန်းတော်အပါအဝင် ဒေသအတော်များများကို ထိန်းချုပ်နိုင်ခဲ့သော်လည်း အခြားနေရာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး လူသန်းပေါင်းများစွာ လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီများလိုအပ်နေကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။
ဘီဘီစီ
