16 ပတ် - ဘာသာပြန်ပါ။

သည်းခံနိုင်တယ်
သည်းမခံနိုင်ဘူးဆိုတာ
တစ်ဖက်လူရဲ့
အပြောအဆိုနဲ့
အပြုအမူပေါ်မှာလည်း
အများကြီးမူတည်ပါတယ်
ပြောဆိုချင်တိုင်းပြောဆို
ပြုမူချင်တိုင်းပြုမူပြီး
မခံနိုင်ရင်
လဲသေလိုက်ဆိုတဲ့အချိုးမျိုးနဲ့တော့
စိန်မခေါ်ပါနဲ့
အရှက်တကွဲ အကျိုးနည်းဖြစ်မှာစိုးလို့
စာနာစိတ်ကို ရှေ့တန်းတင်ပြီး
ငဲ့နေတာကို
အဟုတ်ကြီးမှတ်ပြီး
နားထင်သွေးရောက်နေရင်
မှားသွားမယ်နော်
လောကြကြီးမှာ
ပြောချင်တိုင်းပြော
ပြုမူချင်တိုင်းပြုမူတတ်တဲ့သူတွေ
ရှိသလို
သည်းခံတာကို ဘောင်ကျော်လာရင်
ပြန်ရိုက်ချမဲ့သူတွေလည်း
ရှိတတ်ပါသေးတယ်။

image