16 w - Translate

ဘဝထဲဝင်လာခဲ့သူမှန်သမျှ
ဘယ်သူ့အပေါ်မှာဖြစ်ဖြစ်
ကိုယ့်မေတ္တာတွေ
အတုအယောင်မဟုတ်ခဲ့ပါ
အပေါ်ယံမဟုတ်ခဲ့ပါ
အကုန်လုံးစစ်မှန်ခဲ့တယ်
စိတ်ထဲမပါရင်ဘာမှမလုပ်တတ်သူမို့
လူတစ်ယောက်ကို
ချစ်တာ
ဂရုစိုက်တာ
ကြင်နာပေးတာ အကုန်လုံးဟာ
ရင်ထဲကလာတဲ့ စစ်မှန်ခြင်းမေတ္တာတွေပါ
အကြောင်းအမျိုးမျိုးကြောင့်
ရှေ့ဆက် မခေါ်မပြောဖြစ်သွားရင်တောင်
ကိုယ်ကတော့ ‌
ဖြေသာပါတယ်လေ
ဆုံတွေ့ခဲ့စဉ်အတွင်း
ကိုယ့်ဖက်က
အချစ်တွေစစ်မှန်ခဲ့တယ်လေ
ချစ်သူမှမဟုတ်ပါဘူး
မိတ်ဆွေသူငယ်ချင်းတွေအပေါ်မှာလဲ
မေတ္တာတွေ စစ်မှန်ခဲ့ပါတယ်
အဆုံးသတ်တိုင်းမှာ
ကိုယ်တော့ လိပ်ပြာလုံပါတယ်
တစ်ချိန်ကျရင်
မင်းပြောင်းလဲသွားတယ်လို့သာ
မပြောကြေးပေါ့
တစ်ဖက်ကပြောင်းလဲလို့
ကိုယ်ရောပြောင်းလဲသွားရုံပါ
#နူးနူးအောင်

image