#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မြန်မာ့ပေါ်ဆန်းဆန် နိုင်ငံတကာဈေးကွက် တင်ပို့ရန်စီစဉ်နေ
မြန်မာ့ပေါ်ဆန်းဆန်ကို ခေတ်မီထုပ်ပိုးမှုနည်းစနစ် ခတ်မီထုပ်ပိုးမှုနည်း များဖြင့် နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချနိုင်ရန်စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က စတင်လုပ်ဆောင်နေသည်။
“အရောအနှောကင်းပြီး ပစ္စည်းမှန်၊ အရည်အသွေးမှန်၊ ဈေးနှုန်းမှန်တဲ့ မြန်မာပေါ်ဆန်းမွှေး (Fragrant Rice) အဖြစ် နိုင်ငံတကာဈေးကွက်ကို ခေတ်မီထုပ်ပိုးမှု ပုံစံတွေနဲ့ တင်ပို့ရောင်းချသွားဖို့ စီစဉ်နေပါတယ်”ဟု ဥက္ကဋ္ဌ ဦးရဲမင်း အောင်က ပြောသည်။
မြန်မာ့ပေါ်ဆန်းဆန်ကိုနိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် “Myanmar Pawsan Rice Foundation” ကို တည်ထောင်ပြီး စိုက်ပျိုးသူများအပါအဝင် ကုန်သည်များနှင့် စက်ပိုင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ ဖွဲ့စည်းကာ မျိုးကောင်းမျိုးသန့်များရရှိရေး၊ သုတေသနလုပ်ငန်းများကိုလည်း စနစ်တကျ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ဖျာပုံ၊ မြောင်းမြနှင့် လပွတ္တာမြို့များတွင် ပေါ်ဆန်း ဆန်နှင့်ပတ်သက်သော ဆွေးနွေးပွဲများ ပြုလုပ်ပြီး စီးပြီးဖြစ်ကြောင်း သိရသည်။
ဒေသဆိုင်ရာအညွှန်း (G.I) ရရှိရေးအတွက် MRF အနေဖြင့် မြန်မာ့ပေါ်ဆန်းဆန်ကို နိုင်ငံတကာဈေးကွက်တွင် မြန်မာအမှတ်တံဆိပ်တစ်ခုအဖြစ် မြှင့်တင်ရန်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတကာဈေးကွက်သို့တင်ပို့နေသော ဆန်အမျိုးအစားများတွင် ဧည့်မထ၊ ငစိန်အုပ်စုဝင်များဖြစ်သော ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန်ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-11 ၊ စောရှုပ်၊ ၇၄၇၊ သီးပု၊ ကောက်နှံ စသည့်ဆန်ကြမ်းများကိုသာ အဓိကတင်ပို့နေကြောင်း သိရသည်။
