16 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼တောင်ငူ၌ ကျောင်းသူတစ်ဦးကိုအဓမ္မပြုကျင့်သတ်ဖြတ်သူနှစ်ဦးအား သေဒဏ်ချမှတ်
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၌ အသက်(၁၆) နှစ်အရွယ်ရှိကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ သူနှစ်ဦးအား တောင်ငူခရိုင်တရားရုံးက ယမန်နေ့ (မေ ၂၂ ရက်)တွင် သေဒဏ်ချမှတ်လိုက်ကြောင်း တရားရုံးနှင့်နီးစပ်သူများထံမှသိရသည်။
ယခုမတ်လ ၁၉ ရက်၊ နံနက်ပိုင်းတွင်း တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာ အုပ်စု၌ မိခင်နှင့်အတူနေထိုင်သည့် အသက်(၁၆) နှစ်အရွယ်ရှိ‌ ကျောင်းသူတစ်ဦးသည် လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် အိပ်ခန်းအတွင်းသေဆုံးနေသည်ကို မိခင်ဖြစ်သူမှတွေ့ရှိခဲ့ကြောင်း၊ အခင်းဖြစ်ပွားနေချိန်တွင် မိခင်ဖြစ်သူမှာအင်ဖက်ရွက်သွားကောက်နေချိန်ဖြစ်ကြောင်း သိရသည်။
သေဆုံးသူအနီးတွင်သွေးပေနေသည့် ဓားမတစ်လက်နှင့် နိုင်လွန်ကြိုးတစ်ချောင်းကိုတွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူ၏ရုပ်အလောင်းအား တောင်ငူဆေးရုံ၌ စစ်ဆေးရာတွင်လည်း အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံရသည်ကိုတွေ့ရှိခဲ့ကြောင်း ဒေသတွင်းသတင်းများတွင်ဖော်ပြထားသည်။
ပြစ်မှုကျူးလွန်ခဲ့သူ စည်သူနိုင်(ခ)မှဲ့ကြီးနှင့် သိန်းထိုက်အောင် (ခ) သားပုတို့နှစ်ဦးမှာ အခင်းဖြစ်ပွားခဲ့သည့် နေအိမ်အနီးတွင်နေထိုင်သူများဖြစ်ကြကြောင်း၊ ၎င်းတို့ပြီးခဲ့သည့်မတ်လ ၂၃ ရက်၊ ညနေပိုင်းတွင်ဖမ်းဆီးရမိခဲ့ပြီး တောင်ငူခရိုင်တရားရုံးမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)(ဂ)/၃၄ ဖြင့် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)(ဂ) သည် ထောင်ဒဏ်(၇) နှစ်အထိချမှတ်နိုင်သည့် ပြစ်မှုများဖြစ်သည့် အဓမ္မမှု၊ အိမ်ဖောက်ထွင်းမှု၊ လုယက်မှု၊ ဓားပြတိုက်မှု အစရှိသည့် ပြစ်မှုတစ်စုံတစ်ရာကိုကျူးလွန်စဉ် လူ့အသက်အားသတ်ဖြတ်ခဲ့လျှင် သေဒဏ်ပေး(ကြိုးပေး) နိုင်သည့်ပုဒ်မဖြစ်သည်။
သတင်း - အင်ကြင်း

image