16 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းနိုင်ငံ ဆိုင်ကယ်အပိုပစ္စည်းစက်ရုံတွင် မြန်မာလုပ်သား ၁၀၀ ကျော် အလုပ်ဖြုတ်ခံရ
ထိုင်းနိုင်ငံ စာမွတ်ပါကန်ခရိုင်ရှိ ဆိုင်ကယ်အပိုပစ္စည်းစက်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁ဝဝ ကျော်မှာ မေ ၂၂ ရက် နံနက်ပိုင်းတွင် အလုပ်ဖြုတ်ခံလိုက်ရသည့်အတွက် လုပ်အားခ မရ၍အခက်အခဲဖြစ်နေကြောင်း Myanmar Humanitarian Action Centre မဟာမိတ်အဖွဲ့ထံမှ သိရသည်။
စက်ရုံဘက်မှ အလုပ်သမားများကိုကြိုတင်အကြောင်းကြားခဲ့ခြင်း မရှိဘဲအလုပ်သမားများ ရရှိမည့်လုပ်အားခ တစ်လစာကို အပြည့်အဝမပေးဘဲ ၁ဝ ရက်စာသာပေးမည်ဟု စက်ရုံတာဝန်ရှိသူ (ဖိုးကျကန်း) မန်နေဂျာက ပြောခဲ့ကြောင်းသိရသည်။
အလုပ်ဖြုတ်ခံလိုက်ရသည့်မြန်မာအလုပ်သမား ၁ဝဝ ကျော်က ဆက်သွယ်အကူအညီတောင်းခံခဲ့မှုကြောင့် ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေအတိုင်း အလုပ်သမားများ၏ လုပ်ခလစာနှင့် နစ်နာမှုများ ပြန်လည်ရရှိရန် ထိုင်းနိုင်ငံအလုပ်သမားကူညီရေးရုံး (ဆဝါဒီကန်) သို့ အလုပ်သမားများနှင့်အတူသွားရောက်ပြီး အမှုဖွင့်တိုင်ကြားပေးမည်ဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့မှ သိရသည်။

image