16 w - Translate

Anti-Reflective Display ကို သုံးထားတဲ့ Xiaomi 15S Pro
.
မနေ့က မိတ်ဆက်သွားတဲ့ ကိုယ်ပိုင် XRING O1 Chip နဲ့ Xiaomi 15S Pro ဖုန်းက Processor နဲ့ အရောင်အနည်းငယ်ကွဲတာကလွဲပြီး Xiaomi 15 Pro ဖုန်းနဲ့အတူတူပဲဖြစ်ပေမယ့် လက်တွေ့မှာ ထူးခြားမယ့် Feature တစ်ခုပါဝင်လာပါတယ်။
ဒါက Xiaomi ကနေ ပထမဆုံးအနေနဲ့ Xiaomi 15S Pro ဖုန်းမှာ Anti-Reflective Display အမျိုးအစားကို သုံးလိုက်တာပဲဖြစ်ပြီး Xiaomi 14 Pro လိုမျိုး ဖုန်း Display နဲ့ နှိုင်းယှဥ်မယ်ဆိုရင် အလင်းပြန်နှုန်းကို 72.5% အထိ လျော့ချပေးနိုင်မယ်လို့ သိရပါတယ်။
ဆိုတော့ Xiaomi 15S Pro ဖုန်းက Samsung Galaxy S24 Ultra နဲ့ S25 Ultra ပြီးရင် ဒီလိုမျိုး Anti-Reflective Display သုံးထားတဲ့ဖုန်းတစ်လုံးဖြစ်သွားပါပြီ။​
Apple တောင် ဒီနှစ် iPhone 17 Pro တွေမှာ Anti-Reflective Display သုံးဦးမှာမဟုတ်ဘူးဆိုတော့ Xiaomi က ပိုလက်သွက်သွားတာပဲ 👀

image
image
image
image