16 ပတ် - ဘာသာပြန်ပါ။

ကိုယ့်ကိုယ်ကိုယ် မေ့သွားတဲ့အထိ
လူတစ်ယောက်ကို
ချစ်ခဲ့ဖူးတယ် ...
ဒါလေးဆိုရင်
သူကြိုက်တတ်မှာ
ဒီလိုမျိုးလေးဆိုရင်
သူနဲ့ လိုက်မှာ
ဒီဟာလေးဆို
သူလိုချင်မှာ ..
ဘယ်နေရာပဲ ရောက်ရောက်
ဘာပဲ တွေ့တွေ့
အဲ့လိုမျိုးပဲ အမြဲတွေးနေခဲ့မိတာလေ
ငါကကောလို့ မေးရင်
ကိုယ် ဘာကြိုက်တတ်တယ်
ကိုယ်ဘာစားချင်တယ်
ကိုယ်ဘာလုပ်ချင်တယ်ဆိုတာ
မနည်း ပြန်စဥ်းစားရတာမျိုး။
နောက်ဆုံး ကိုယ့်အတွက်ဆိုရင်
အဆင်ပြေတာ တစ်ခုခုပေါ့ဆိုတာလောက်ပဲ
ရှိခဲ့တော့တာ ။
အနာဂတ်တွေဆိုရင်လဲ
သူနဲ့မှ ...
သူမပါပဲကို
ဘယ်အရာမှ အိပ်မက် မမက်ခဲ့ဖူးဘူးလေ
သူ မရှိတော့ရင်ဆိုတာမျိုး
တစ်ခါမှ ယောင်လို့တောင်
မတွေးခဲ့ဖူးဘူး ...
အင်း ... တကယ်လဲ မရှိတော့တဲ့အခါ
ဘာမှ ရှိမနေတော့ဘူးပေါ့ ။
#ကျေးကို

image