Ai-yai: Wrath-ful So-ul (2021)
ဒီဇာတ်ကားကတော့ ကလဲ့စားချေတဲ့ ဝိညာဉ်တစ်ကောင် အကြောင်းကို ကြောက်မက်ဖွယ်ရာ ရိုက်ကူးပုံဖော်ထားတာပါ။ IMDb 5.8 ဆိုပေမယ့် Best Director, Best Thriller ဆုတွေအပါအဝင် ဆုပေါင်း ၁၄ ဆုရထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကီရန် ဆိုတဲ့ကောင်လေးက အလုပ်မရှိတာကြောင့် သူ့သူငယ်ချင်းလုပ်နေတဲ့ သုဘရာဇာအလုပ်ကို လုပ်ဖို ရောက်လာခဲ့ပါတယ်။ သူငယ်ချင်းရဲ့ အကူအညီနဲ့ မီးသဂြိုလ်စက်နဲ့ အလောင်းတွေကို မီးသဂြိုလ်ပေးရတဲ့နေရာကို သူရခဲ့တယ်။ တစ်နေ့ မီးရှိသဂြိုလ်တဲ့စက်ထဲကနေ ဝိညာဉ်တစ်ကောင်ထွက်လာပြီး ကီရန် ကို ဝင်ပူးသွားပါတယ်။ ကီရန် ရဲ့ ခန္ဓာကိုယ်ကို အသုံးချပြီး သူ့ကို အရှင်လက်လက် မီးရှိသတ်ခဲ့သူတွေကို ပြန်ကလဲ့စားချေတာကို ကြောက်မက်ဖွယ်ရာ ကြည့်ရှုကြရမှာပါ။
