6 ပတ် - ဘာသာပြန်ပါ။

စာရိတ္တပျက်ယွင်း ဖောက်ပြန်တတ်တဲ့
မိန်းမတွေအကြောင်း
ဒဂုန်တာရာရဲ့ မေ မှာသိရပါတယ်။
မြသန်းတင့်ရဲ့ မမ မှာသိရပါတယ်။
တော်စတွိုင်းရဲ့ အင်နာကရာနီနာ မှာသိရပါတယ်။
အင်နာကရာနီ နာကို ရွှေဥဒေါင်းရော
တင်မောင်မြင့်ရော ဘာသာပြန်ထားပါတယ်။

ကျွန်မတို့ကို လွှမ်းမိုးထားနိုင်ခဲ့တဲ့
ချစ်စရာ ကောင်းသလောက် သနားစရာ
မုန်းတီးစရာ ဖောက်ပြားသူ
အမျိုးသမီးဇာတ်ကောင်တွေဟာ
အမျိုးသား စာရေးဆရာတွေရဲ့
မှုန်းခြယ်မှုအောက်က မြင်တွေ့ရတဲ့
စရိုက် လက္ခဏာတွေချည်းပါ။

အမျိုးသမီးတစ်ယောက်ကိုယ်တိုင်က
အမျိုးသမီးတစ်ယောက်ရဲ့ စာရိတ္တပျက်ပြား
ဖောက်ပြားမှုတွေကို အသေးစိတ်
ခံစားချက်တွေနဲ့မှုန်းခြယ် ပြထားတာ ရှိပါတယ်။
ပြင်သစ်စာရေးဆရာမ ဖရန်ဆွိုက်စ်ဆေဂန်ရဲ့
ဒုတိယ မြောက် ဝတ္ထုဖြစ်တဲ့
A Certain Smile ဖြစ်ပါတယ်။

ကျွန်မက မြန်မာဘာသာပြန်ဆိုထားပါတယ်။

မိန်းမတစ်ယောက်ရဲ့ စိတ်အမှောင်ခြမ်းတွေကို
မြင်နိုင်လိမ့်မယ် ထင်ပါတယ်။

- - ဘာသာပြန်သူ၏အမှာ / မှ - -

image