ကောင်းကင်ပြင်ကြီးကို ကျွန်ုပ်တို့ မော့ကြည့်လိုက်တိုင်း မြင်တွေ့ရတဲ့ ကြယ်တွေ၊ ဂြိုဟ်တွေနဲ့ နဂါးငွေ့တန်းကြီးတွေဟာ ဘယ်လိုဖြစ်ပေါ်လာသလဲ၊
ဒီစကြဝဠာကြီးတစ်ခုလုံး ဘယ်ကနေစတင်ခဲ့သလဲဆိုတဲ့ မေးခွန်းတွေဟာ လူသားတွေရဲ့ စူးစမ်းလိုစိတ်ကို အမြဲနှိုးဆွပေးခဲ့ပါတယ်။
သမိုင်းတစ်လျှောက် လူသားတွေရဲ့ ရူထောင့်အမျိုးမျိုး ဘာသာရေးအသီးသီးကနေ စကြာဝဠာ ရဲ့ အလုပ်လုပ်ပုံ အစဦး Creation ဖြစ်ပေါ်လာပုံတွေကို နည်းလမ်းအသွယ်သွယ်နဲ့ရှင်းပြဖို့ကြိုးစားကြပါတယ်။
ဒီလိုမေးခွန်းတွေရဲ့အဖြေကို ရှာဖွေတဲ့ သိပ္ပံပညာရပ်ကတော့ Cosmology (စကြဝဠာသိပ္ပံ) ပဲဖြစ်ပါတယ်။
