❛ ရေနံ့သာခင်ခင်ကြီး ❜
အမှန်တော့ ဤဝတ္ထုသည်
လူလတ်တန်းစားနှင့် အထက်တန်းစားတို့၏
ဘဝကို အခြေပြုသော မိသားစုနှစ်ခု၏
ကံကြမ္မာလှည့်စားမှုနှင့် သံသယကို
အခြေပြုသော စိတ်လှုပ်ရှားဆွတ်ပျံ့ဖွယ်ရာ
ဝတ္ထုရှည်ကြီးတစ်ပုဒ်ဖြစ်သည်။
စာရေးသူ၏ အရေးအသားမှာလည်း
စာဖတ်သူအား ညှို့ယူနိုင်စွမ်းရှိသည်။
ဇာတ်လမ်း၏ အဓိက အားပြိုင်မှုကို
ဖြစ်စေသော ဇာတ်ဆောင်တို့၏ စရိုက်ကို
ခြယ်မှုန်းရာတွင်လည်း ပီပြင်ပေါ်လွင်လှသည်။
ဤဝတ္ထုတွင် ရေနံမြေအလုပ်သမားတို့၏
ဘဝနှင့် တိုက်ပွဲကို ပီပြင်စွာ
သရုပ်ဖော်ထားခြင်းမရှိသော်လည်း၊
ရေနံလုပ်ငန်းနှင့် ရေနံလုပ်သားတို့၏
ဘဝနှင့် တိုက်ပွဲကို
အသိပေးသည့်စနစ်ဖြင့် စာရေးဆရာက
ဖော်ပြထားပါသည်။ ထို့ပြင် လွတ်လပ်ရေး
အတွက် ကြိုးပမ်းအားထုတ်မှုနှင့်
တော်လှန်ရေး လမ်းကြောင်းကိုလည်း
ကြားဖြတ်ဖောက်သည်ချထားပါသည်။
ဤသည်မှာ စာရေးသူ၏ စေတနာဖြစ်ပါသည်။
စာရေးသူ ရပ်တည်သည့် ဘက်ကို
အမြွက်မျှဖော်ထုတ်ထားခြင်းဖြစ်ပါသည်။
ရေနံ့သာခင်ခင်ကြီးသည်
တစ်စုံတစ်ခုသော အတိုင်းအတာအထိ
အောင်မြင်သော မြန်မာဝတ္ထုရှည်ကြီး
တစ်ပုဒ်ဖြစ်ပါသည်။
• မလိခ •
