7 ပတ် - ဘာသာပြန်ပါ။

စျေးတွေကတော့ ၃၅ သိန်းအထက်ပဲ 🫥
.
Xiaomi ကနေ အခုပဲ XRING O1 Chip အသုံးပြုထားတဲ့ Xiaomi 15S Pro နဲ့ Xiaomi Pad 7 Ultra တွေကို ကြေညာလိုက်ပါပြီ။
ကိုယ်ပိုင် Chip သုံးထားပေမယ့် Xiaomi 15S Pro က 15 Pro ထက်ပိုများတဲ့ 5,499 Yuan (16+512G ၊ Xiaomi Pad 7 Ultra ကို 5,699 Yuan (12+256G နဲ့ စရောင်းသွားပါမယ်။
ဆိုတော့ ဒီဝင်ရင် ၂ မျိုးစလုံး ၃၅ သိန်းဝန်းကျင်လောက်ဖြစ်နိုင်တယ်။
Xiaomi ဘက်ကတော့ XRING O1 က Apple A18 Pro နဲ့ ယှဉ်နိုင်သလို Antutu Benchmark မှာလည်း ၃ သန်းကျော်ရထားတယ်ဆိုပြီး ကြွားထားတယ်၊ ဒါပေမယ့် ဒီစျေးပေးပြီး Chipset အသစ်ကို စမ်းသုံးကြပါ့မလားပေါ့ 👀

image