16 w - Translate

မန္တလေး အိုးဘိုထောင်က ဝန်ထမ်းအယောင်ဆောင်ပြီး အကျဥ်းသားမိသားစုတွေဆီက ငွေလိမ်တာတွေအဖြစ်များလာ
မန္တလေး ၊
အိုးဘိုထောင်မှာ အကျဥ်းကျနေတဲ့ အကျဥ်းသားတွေထဲကနေ ထောင်ပြောင်းမပါချင်ရင် ငွေပေးပြီးဆိုင်းငံ့လို့ရမယ်၊ ထောင်ထဲအနေအစားချောင်အောင် ငွေပေးရင် ရမယ်ဆိုပြီး အကျဥ်းသားမိသားစုတွေကို ဖုန်းဆက်ငွေတောင်းတာတွေ ခုရက်မှာ ဖြစ်ပေါ်နေကြောင်း ငွေပေးလိုက်ရသူတွေက ပြောပါတယ်။
"ကျမမောင်လေးက အိုးဘိုမှာ ၇နှစ်ကျနေတာ လားရှိုးထောင်ကို ပြောင်းတဲ့ထဲ စာရင်းပါနေတယ် မပါချင်ရင် ငွေအမြန်လွှဲပါဆိုပြီး အကျဥ်းဦးစီးဝန်ထမ်းဆိုသူက ဆက်တယ်။ ၅သိန်း၇သောင်းတောင်းတာ ၅သိန်းခွဲ လွှဲပေးလိုက်ရတယ်။ လွှဲရတဲ့ အကောင့်က အမျိုးသမီးနာမည်နဲ့ပါ။ ကျမမောင်လေး တကယ်ထောင်ပြောင်းပါမှာစိုးလို့ ရှာကြံပေးလိုက်မိတာ" လို့ အကျဥ်းသားမိသားစုဝင်တယောက်ကပြောပါတယ်။
နောက်မှ ေထာင်နဲ့ နီးစပ်သူတွေကိုစုံစမ်းတော့ လတ်တလော လာရှိုးထောင်ပြန်မဖွင့်သေးတာသိရပြီး ဖုန်းပြန်ဆက်ပြီး ငွေတောင်းတော့ ပြန်မပေးနိုင်ကြောင်း မချေမငံဆက်ဆံပြီးနောက် စက်ပိတ်သွားတယ်လို့လည်း ပြောပါတယ်။ ထောင်ဝန်ထမ်းဆိုပြီး ဆက်သွယ်တဲ့ဖုန်းဟာ 09457479159 ဖြစ်ပါတယ်။
ဒီလိုအလားတူပဲ ထောင်ထဲမှာ နေရာကောင်းကောင်းနေရဖို့ ၇ သိန်းပေးရင်ရတယ်ဆိုပြီး လိမ်တောင်းတာတွေခံရဘူးတယ်လို့ အကျဥ်းသားမိသားစုတွေကပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အကျဥ်းဦးစီးဌာနရဲ့ တာဝန်ရှိသူတယောက်ကို VOMက ဆက်သွယ်မေးကြည့်တော့
"အကျဉ်းသားတွေကိုလည်း တာဝန်ရှိသူတွေကရှင်းပြကြတယ်၊ နောက်ပြီး ဧည့်တွေ့ေဖာင်ရေးတဲ့နေရာတွေမှာလည်း အသံသွင်းပြီး စပီကာနဲ့လည်းဖွင့်ပြတယ် သတိပေးစာလည်းကပ်ထားတယ်၊ မိသားစုတွေကအယုံလွယ်ကြတယ်၊ ခံရတာပေါ့၊ လိမ်တဲ့ကောင်က‌ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေကို ဖုန်းဆက်ပြီး အကျဉ်းသားရဲ့မိသားစုကိုပြောခိုင်းတာ ၊မန္တလေး၊မြင်းခြံ၊ရမည်းသင်း ဘက်တွေမှာဖြစ်ခဲ့ဘူးတယ်၊ အများဆုံးကမန္တလေးမှာလုပ်စားနေတယ်၊ လိမ်တဲ့ဖုန်းတွေကို သတင်းထောက်ကြီး ဆက်ကြည့်ရင် ပိုရှင်းသွားပါလိမ့်မယ်" လို့ ရှင်းပြပါတယ်။
အကျဥ်းသားမိသားစုတွေဟာ နယ်ဝေးကဆိုရင် ပုံမှန်ထောင်ဝင်စာမလာနိုင်တာကို အခွင့်ကောင်းယူပြီး လိမ်ကြတာများတယ်လို့ သိရပါတယ်။ အကျဥ်းသားေတွနဲ့ပတ်သက်ပြီး ငွေတောင်းခံတာမျိုးရှိရင် ထောင်ကိုအကြောင်းကြား တိုင်ကြားနိုင်တယ်လို့လည်း အကျဥ်းဦးစီးဌာနက သိရပါတယ်။
ပုံစာ - ငွေလွှဲလက်ခံသူ Kpay

image