#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ နှစ်ဖက်တပ်များ ပြန်လည်ရုပ်သိမ်းရန် အိန္ဒိယနှင့် ပါကစ္စတန် သဘောတူ
စစ်ရေး ပဋိပက္ခများဖြစ်ပွားခဲ့စဉ် အင်အားဖြည့်တင်း ဖြန့်ကြက် ထားသော တပ်ဖွဲ့ဝင်များကို ယခုလကုန်တွင် ပြန်လည်ရုပ်သိမ်းရန် ပါကစ္စတန်နှင့် အိန္ဒိယတို့က သဘောတူထားကြောင်း ပါကစ္စတန် ထိပ်တန်းလုံခြုံရေးတာဝန်ရှိသူတစ်ဦးက မေ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား မေ ၇ ရက်တွင် စတင်ဖြစ်ပွားခဲ့သော လေးရက်ကြာ စစ်ရေးပဋိပက္ခများကြောင့် နှစ်ဖက်သေဆုံးသူ ၇ဝ ကျော်အထိရှိခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ ဂျမူးနှင့်ကက်ရှ်မီးယားဒေသ၌ ဧပြီ ၂ ရက်တွင် ဖြစ်ပွားခဲ့သော လူပေါင်း ၂၆ ဦးသေဆုံးခဲ့ရသည့် အကြမ်းဖက်တိုက်ခိုက်မှုကိုအကြောင်းပြု၍ အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား လေးရက်ကြာ စစ်ရေးပဋိပက္ခများ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။
သို့ရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဖိအားပေးမှု ကြောင့် အိန္ဒိယနှင့်ပါကစ္စတန်တို့သည် မေ ၁ဝ ရက်တွင် အပစ်အခတ်ရပ်စဲခဲ့ရာ လက်ရှိအချိန်ထိ အပစ်အခတ်ရပ်စဲမှု ခိုင်မြဲနေဆဲဖြစ်သည်။
လက်ရှိအချိန်တွင် လေးရက်ကြာစစ်ရေး ပဋိပက္ခကာလအတွင်း အင်အားဖြည့်ဆည်း ဖြန့်ကြက်ထားသော နှစ်ဖက်တပ်ဖွဲ့ဝင်များကို ပဋိပက္ခမတိုင်ခင်ကာလ မူလတပ်စခန်းနေရာများသို့ ပြန်လည်ရုပ်သိမ်းရန် အိန္ဒိယနှင့်ပါကစ္စတန်တို့ကသဘောတူညီချက် ရယူထားကြောင်း ပါကစ္စတန်တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။
ရိုက်တာ

image