6 ပတ် - ဘာသာပြန်ပါ။

ရပ်ထားတဲ့ YBS ယာဉ်ကို စားအုံးဆီတင်ကုန်ကားမှ နောက်ကဝင်တိုက်
******************
(မှုခင်း) မေလ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်း၊ သခင်မြပန်းခြံအနီးတွင်ရပ်ထားသော YBS ခရီးသည်တင်ယာဥ်အား စားအုံးဆီပုံးတွေတင်လာတဲ့ ကုန်ကားတစ်စီးက နောက်ကနေ ဝင်ရောက်တိုက်မိခဲ့တဲ့အတွက် လူတစ်ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ မြန်မာနိူင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရပါတယ်။

ဒီကနေ့ မေလ ၂၂ ရက် မနက် ၆ နာရီ ၅၈ မိနစ်အချိန်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အခင်းဖြစ်နေရာသို့ အလုံမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီးနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် “အနာဂတ်အလင်းတန်း”ပရဟိတအသင်းကလည်း No.4 ရှာဖွေကယ်ဆယ်ရေးအထောက်ကူပြု ယာဉ်တစ်စီးနဲ့ သွားရောက်ပူးပေါင်း ကူညီပေးခဲ့တယ်လို့ သိရပါသည်။အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်မှ ဒဏ်ရာရရှိထားသူ အမျိုးသားတစ်ဦး(မစိုးရိမ်)ကို ကယ်ဆယ်ရေးအဖွဲ့က ကယ်ထုတ်နိုင်ခဲ့ပြီး အလုံကြက်ခြေနီအသင်းယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

image